M21E21KC21MT21

ဖြောင့်မတ်ခြင်းတွက် ချီးမွမ်းကြသည်

ခမည်းတော်ကို ကိုးကွယ်ခြင်း - ဖြောင့်မတ်ခြင်း

21

Verse 1

ဖြောင့်မတ်ခြင်းတွက် ချီးမွမ်းကြသည်

အဖ၏ဖြောင့်မတ်ခြင်းဝန်ခံ

ပြည့်ဝသက်သေခံကြ

လူအပေါင်းကို စီရင်အရှင်

ကိုယ်တော်၌ ဖြောင့်မတ်ခြင်းသာမြင်

မှားယွင်းမှုအစဉ်ကင်း။

Verse 2

အို သန့်ရှင်း၊ ဖြောင့်မတ်သောအရှင်

ပလ္လင်တော်ကို ဖြောင့်မတ်ထိန်းသိမ်း

ဤရာတိုက်မြစ်ဖြစ်ရာ

ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့်

ကျေးဇူးတော်၌ ကိုယ်တော်အုပ်စိုး

ငြိမ်သက်လုံခြုံမှုရ။

Verse 3

ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည်ပင်

ကျွန်ုပ်တွက် သားတော်သေခံစေ

ရွေးနုတ်ခြင်းအမှုပြု

ဖြောင့်မတ်ခြင်းကြောင့် ဖြောင့်မတ်ရပြီ

ခရစ်တော်ရွေးနုတ်ခြင်းယူဆောင်

ကယ်တင်ခြင်းကိုရရှိ။

Verse 4

ဖြောင့်မတ်ခြင်းကို ပြသတော်မူ

ခွင့်လွတ်တော်မူခြင်းကောင်းချီးပေး

ရှေးခေတ်စဉ်ဆက်လူသား

ဖြောင့်မတ်ခြင်းကို ပြတော်မူရန်

ဤခေတ်ရှိ ပြစ်သားများအပေါ်

ခွင့်လွှတ်တော်မူခဲ့ပြီ။

Verse 5

လူသားများတစ်နေ့စီရင်ခံ

ဖြောင့်မတ်ခြင်းကို ပြသတော်မူ

သားတော်ခရစ်တော်ဖြင့်

ကျွန်ုပ်တို့ရပ်တည်ခြင်းမရွေ့

ကိုယ်တော့်ဖြောင့်မတ်ခြင်းကိုပြသ

ကျေးဇူးတော်မစပေး။

Verse 6

နိုင်ငံတော်ဖြောင့်မတ်ခြင်းနှင့်ပြည့်

ငြိမ်သက်ခြင်းအပေါ်တည်ဆောက်ထား

အားလုံးတစ်ညီတစ်ညွတ်

ကောင်းကင်သစ်နှင့် မြေကြီးသစ်၌

ကိုယ်တော်ဖြောင့်မတ်ခြင်းဖိုးထိုက်လှ

ဘုရားပေးကတိတော်။

Hymn details

စာသား: Witness Lee

သံစဉ်: S. Chandler

Meter: 8.8.6.8.8.6.

Key: C Major

Time: 3/2

Audio