M23E23KC23MT23

အဖဘုရား၏ပညာတော်

ခမည်းတော်ကို ကိုးကွယ်ခြင်း - ပညာတော်

21

Verse 1

အဖဘုရား၏ပညာတော်

အလိုတော်ရှိသည့်တိုင်း

ထာဝရအကြံစည်တော်ပြု

သားတော်ဖြင့် ပြည့်စုံစေ။

chorus

ပညာတော် နက်နဲ၊ ကြွယ်ဝလှ

မည်သူသိနိုင်မည်နည်း

သို့သော် ကျွန်ုပ်တို့သိမြင်ရ

ကရုဏာ၊ ကျေးဇူးတော်။

Verse 2

မည်မျှအံ့ဘွယ် ရာခပ်သိမ်းတည်

အို၊ မည်သူသိနိုင်နည်း

ကိုယ်တော်ဖြင့် ရာအားလုံးတည်ရှိ

ပညာတော်သိရပြီ။

chorus

ပညာတော် နက်နဲ၊ ကြွယ်ဝလှ

မည်သူသိနိုင်မည်နည်း

သို့သော် ကျွန်ုပ်တို့သိမြင်ရ

ကရုဏာ၊ ကျေးဇူးတော်။

Verse 3

အပြစ်ကြောင့် ပညာတော်ဝှက်ထား

ကရုဏာတော်ပြရန်

မည်သူမျှ ၀ါကြွားခွင့်မရှိ

ကိုယ်တော်၌သာ ၀ါကြွား။

chorus

ပညာတော် နက်နဲ၊ ကြွယ်ဝလှ

မည်သူသိနိုင်မည်နည်း

သို့သော် ကျွန်ုပ်တို့သိမြင်ရ

ကရုဏာ၊ ကျေးဇူးတော်။

Verse 4

ပညာတော်၌ ကားတိုင်အားဖြင့်

ကျွန်ုပ်တို့ကို ရွေးနှုတ်

ကျွန်ုပ်တို့ဝိညာဉ်၌ ဘဏ္ဍာ

ကိုယ်တော်ကိုယ်တိုင်ရှိပြီ။

chorus

ပညာတော် နက်နဲ၊ ကြွယ်ဝလှ

မည်သူသိနိုင်မည်နည်း

သို့သော် ကျွန်ုပ်တို့သိမြင်ရ

ကရုဏာ၊ ကျေးဇူးတော်။

Verse 5

အသင်းတော်သည် ပညာတော်ဖြင့်

အခွင့်အာဏာတော်သိ

ကျွန်ုပ်တို့ဖြင့် ပညာတော်ထင်

ကောင်းကင်၌ ပြဖော်ပြီ။

chorus

ပညာတော် နက်နဲ၊ ကြွယ်ဝလှ

မည်သူသိနိုင်မည်နည်း

သို့သော် ကျွန်ုပ်တို့သိမြင်ရ

ကရုဏာ၊ ကျေးဇူးတော်။

Verse 6

ယေရုရှလင်မြို့တော်သစ်၌

ကရုဏာတော်၀ါကြွား

ကိုယ်တော့်ပညာတော် ထာဝရ

အဆုံးစွန်သိရကြ။

chorus

ပညာတော် နက်နဲ၊ ကြွယ်ဝလှ

မည်သူသိနိုင်မည်နည်း

သို့သော် ကျွန်ုပ်တို့သိမြင်ရ

ကရုဏာ၊ ကျေးဇူးတော်။

Hymn details

စာသား: Witness Lee

သံစဉ်: Samuel Augustus Ward

Meter: 8.6.8.6.D.

Key: Bb Major

Time: 4/4

Audio