စိတ်၏နေမင်း၊ ချစ်ကယ်တင်ရှင်
တောင့်တခြင်းများ - ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း
21
Verse 1
စိတ်၏နေမင်း၊ ချစ်ကယ်တင်ရှင်
ကိုယ်တော်ရှိလျှင်၊ ညမရှိပါ
မြေကြီးတိမ်များ၊ မတက်ပါနှင့်
ကိုယ်တော်ရှင်အား ကွယ်မသွားနှင့်။
Verse 2
နူးညံ့သောနှင်း၊ အိပ်ပျော်စဉ်ခါ
စိုးရိမ်မျက်ခွံ၊ ဖြည်းညင်းမှေးစက်
နောက်ဆုံးစဉ်းစား၊ ချိုမြိန်နားခို
ကယ်တင်ရှင်၏ ရင်ခွင်တော်၌။
Verse 3
နံနက်မှည၊ ကိုယ်တော်တည်ပါ
ကိုယ်တော်မပါ၊ သက်ရှင်မရ
ညဘက်၌လည်း ကိုယ်တော်တည်ပါ
ကိုယ်တော်မပါ၊ မသေဝံ့ပါ။
Verse 4
နံနက်နိုးလျှင်၊ ကောင်းချီးပေးကြွ
လောကခရီး လျှောက်လှမ်းစဉ်ခါ
မေတ္တာတော်ရေ သမုဒ္ဒရာ
ကိုယ်တော်ရှင်၌ ကျွန်ုပ်နှစ်မြုပ်။
Hymn details
Key: D Major
Audio