M219E378KC219MT219

ကယ်တင်ရှင်၊ ကိုယ်တော်သာရှိရာ

တောင့်တခြင်းများ - ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း

21

Verse 1

ကယ်တင်ရှင်၊ ကိုယ်တော်သာရှိရာ

မြင့်သောတောင်သို့ ဦးဆောင်ပါ

ကောင်းကင်မှ သံတော်ကြားရမည်

ထိုနေရာကြည်လင်သန့်ရှင်း။

chorus

ဦးဆောင်ပါ၊ မြင့်သောတောင်ပေါ်သို့

ကိုယ်တော်နှင့်မိတ်ဖွဲ့စေပါ

အလင်းတော်၌ သက်စမ်းရေမြင်

သွေးတော်ဖြင့် ဆေးကြောခံရ။

Verse 2

ထက်ရပ်၌ အလင်းများနှင့်ပြည့်

မြေကြီးရာဆိုင်ပြိုင်ခြင်းကင်း

အားထုတ်မှု လုံးစုံရပ်စဲပြီ

ခရစ်တော်၌ စိုးစံရ။

chorus

ဦးဆောင်ပါ၊ မြင့်သောတောင်ပေါ်သို့

ကိုယ်တော်နှင့်မိတ်ဖွဲ့စေပါ

အလင်းတော်၌ သက်စမ်းရေမြင်

သွေးတော်ဖြင့် ဆေးကြောခံရ။

Verse 3

ကယ်တင်ရှင်၊ စောင့်ထိန်းပါ တောင်ပေါ်

ပန်းတိုင်သို့ ချီတက်စေပါ

သဏ္ဌာန်တော်နှင့်တူညီသည့်တိုင်

မေတ္တာ၊ ကျေးဇူးတော် ကျူးဧ။

chorus

ဦးဆောင်ပါ၊ မြင့်သောတောင်ပေါ်သို့

ကိုယ်တော်နှင့်မိတ်ဖွဲ့စေပါ

အလင်းတော်၌ သက်စမ်းရေမြင်

သွေးတော်ဖြင့် ဆေးကြောခံရ။

Hymn details

Key: G Major

Audio