M217E371KC217MT217

ကိုယ်တော်ကိုသာ သခင်

တောင့်တခြင်းများ - ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း

21

Verse 1

ကိုယ်တော်ကိုသာ သခင်

အစဉ်လိုပါ

ကိုယ်တော့်အသံတော်သည်

စိတ်ငြိမ်းအေးရာ။

chorus

ကိုယ်တော်ကို မြဲလိုအပ်သည်

နာရီတိုင်း လိုအပ်သည်

ခုကောင်းချီးပေး ကယ်တင်ရှင်။

ထံတော်သို့လာ။

Verse 2

အစဉ် ကိုယ်တော်လိုအပ်

အနီးနေပါ

စုံစမ်းခြင်းများ ကွယ်ပျောက်

ထံတော်ပါး၌။

chorus

ကိုယ်တော်ကို မြဲလိုအပ်သည်

နာရီတိုင်း လိုအပ်သည်

ခုကောင်းချီးပေး ကယ်တင်ရှင်။

ထံတော်သို့လာ။

Verse 3

အစဉ် ကိုယ်တော်လိုအပ်

ဒုက္ခ၊ သုခ

ကိုယ်တော်နှင့် မရှိလျှင်

သက်တာချည်းနှီး။

chorus

ကိုယ်တော်ကို မြဲလိုအပ်သည်

နာရီတိုင်း လိုအပ်သည်

ခုကောင်းချီးပေး ကယ်တင်ရှင်။

ထံတော်သို့လာ။

Verse 4

အစဉ် ကိုယ်တော်လိုအပ်

စိတ်တော် သွန်သင်

ကြွယ်ဝ ကတိတော်များ

ပြည့်စုံစေပြီ။

chorus

ကိုယ်တော်ကို မြဲလိုအပ်သည်

နာရီတိုင်း လိုအပ်သည်

ခုကောင်းချီးပေး ကယ်တင်ရှင်။

ထံတော်သို့လာ။

Verse 5

အစဉ် ကိုယ်တော်လိုအပ်

သန့်ရှင်းသခင်

ကိုယ်တော်အဖို့ သက်ရှင်

ကောင်းချီးပေးပြီ။

chorus

ကိုယ်တော်ကို မြဲလိုအပ်သည်

နာရီတိုင်း လိုအပ်သည်

ခုကောင်းချီးပေး ကယ်တင်ရှင်။

ထံတော်သို့လာ။

Hymn details

Key: G Major

Audio