ညဦးအချိန်ရှိပြီ၊ မိုးလည်းချုပ်သည်
တောင့်တခြင်းများ - ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း
21
Verse 1
ညဦးအချိန်ရှိပြီ၊ မိုးလည်းချုပ်သည်
ကျွန်ုပ်နှင့်အတူ တည်နေပါသခင်
အကျိုးနည်းသူကို ထောက်ပင့်အံ့သောငှာ
ချစ်သခင်၊ ကျွန်ုပ်နှင့် တည်တော်မူပါ။
Verse 2
အဆုံးတိုင်အောင်၊ အသက်တာ ဆုတ်လျော့သည်
မြေကြီးစံစားရာမွဲ ဘုန်းလည်းကွယ်၏
ဤလောက၌ အနိစ္စသာထင်ရှား
အမြဲတည်ရှင် ကြွလာနေတော်မူပါ။
Verse 3
ဘုရင်တို့ဘုရင်၊ အာဏာနှင့်မဟုတ်
ကရုဏာတော်ဖြင့် ဒုက္ခမှရွေးနှုတ်
သက်သာစေသော အတောင်တော်နှင့်တကွ
ကြွလာ၍ ကျွန်ုပ်ထံ နေတော်မူပါ။
Verse 4
အစဉ်ကိုယ်တော်ကို ဖူးတွေ့လိုပါ၏
မာရ်နတ်တန်ခိုး ဘယ်သူချိုးနိုင်သနည်း
ကိုယ်တော်မြတ်သာလျှင် တတ်နိုင်တော်မူရာ
နေမင်း၊ မိုးတိမ်ဖြင့် ကျွန်ုပ်၌နေပါ။
Verse 5
ကောင်းကျိုးပေးရန် အနားမှာ နေမူလျှင်
ဘေးများအတွက် မစိုးရိမ်ပါသခင်
သေမင်းလက်နက်အဘယ်မှာ ရှိသနည်း
တန်ခိုးတော်အားဖြင့် ကျွန်ုပ်အောင်လိမ့်မည်။
Hymn details
Key: D Major
Audio