ကိုယ်တော်ကို ချစ်နိုင်မည်
တောင့်တခြင်းများ - ခရစ်တော်ကို ချစ်ခြင်း
21
Verse 1
ကိုယ်တော်ကို ချစ်နိုင်မည်
ခရစ်တော်ရှင်
စိတ်ပါလျက်နှင့် တောင်းသည်
နားညောင်းသခင်
ဤပတ္ထနာမပြတ်
အစဉ်လျှောက်မည်၊ ရှင်မြတ်
ကိုယ်တော်ကိုသာ ချစ်စေမူပါ။
Verse 2
လောကီပျော်မွေ့ခြင်းသာ
အထက်လိုလေ
ခန္ဓာအကျိုးကိုရှာ
ဝိညာဉ်ကိုမေ့
ယခု ထိုသို့မဟုတ်
အပြစ်ရွံ့ရှာစက်ဆုပ်
ကိုယ်တော်ကိုသာ ချစ်စေမူပါ။
Verse 3
ဒုက္ခခံစေလျှင်လည်း
မညည်းမတွား
အလိုတော်နှင့်အညီ
ဖြစ်စေမြတ်စွာ
ထိုဒုက္ခအားဖြင့်လည်း
အကျိုးတိုးပွားနိုင်မည်
ကိုယ်တော်ကိုသာ ချစ်စေမူပါ။
Verse 4
ထိုသို့ပြုပြင်မူလျှင်
မြတ်စွာဘုရား
နောက်ဆုံး ရှုလျက်သက်ညင်း
ဝမ်းမြောက်အားရ
ဘဝပြောင်းစဉ် တွင်ပင်
ဆုတောင်းဦးမည်ပျော်ရွှင်
ကိုယ်တော်ကိုသာ ချစ်စေမူပါ။
Hymn details
Key: G Major
Audio