ယေရှုခရစ်၊ ထူးမြတ်သာလွန်
တောင့်တခြင်းများ - ခရစ်တော်၏ထူးမြတ်ခြင်း
21
Verse 1
ယေရှုခရစ်၊ ထူးမြတ်သာလွန်
ဝါဒ၊ ပုံစံ၊ စကား၊
လူ၏မေတ္တာ၊ သန့်ရှင်းသင်းတော်၊
သခင်နှင့်နှိုင်းမရ။
Verse 2
ယေရှုခရစ်၊ ထူးမြတ်သာလွန်
မေတ္တာတော်အောင်မြင်ပြီ
ကားတိုင်တော်အောက် အတ္တသေပြီ
ကိုယ်တော်သာ သက်ရှင်ပြီ။
Verse 3
ယေရှုခရစ်၊ ထူးမြတ်သာလွန်
ဖြစ်ခြင်းတွင်းဆုံးဖြည့်ပေး
ကိုယ်တော်စဉ်းစား၊ ထပ်တူစဉ်းစား
အလိုဆန္ဒတူညီ။
Verse 4
ယေရှုခရစ်၊ ထူးမြတ်သာလွန်
အဆင်းသဏ္ဌာန်ပြောင်းပေး
သေတတ်သွေးသား ဖုံးကွယ်ရာမှ
ဘုန်းထွန်းလင်းထယ်ဝါပါ။
Verse 5
ယေရှုခရစ်၊ ထူးမြတ်သာလွန်
ကိုယ်တော်၌ စိတ်ရွှင်လန်း
အလိုတော်ဆောင် ကျွန်ခံပါမည်
ကျွန်ုပ်၏ဝမ်းမြောက်ခြင်း။
Hymn details
Key: G Major
Audio