M213E366KC213MT213

ခရစ်တော်ဘုန်းကောင်းကင်ပြည့်

တောင့်တခြင်းများ - အလင်းဖြစ်သော ခရစ်တော်အတွက်

21

Verse 1

ခရစ်တော်ဘုန်းကောင်းကင်ပြည့်

ခရစ်တော်စစ်မှန်အလင်း

ဖြောင့်မတ်ခြင်းနေမင်းပေါ်ထွန်း

မှောင်ညအရိပ်ကို အောင်နိုင်

ထက်ရပ်မှနေမင်းဖြာသန်း

စိတ်နှလုံး၌ မိုးသောက်ကြယ်။

Verse 2

မှောင်မိုက်ညမှ နံနက်ခင်း

ကိုယ်တော်မပါ အထီးကျန်

ဝမ်းမြောက်ခြင်းကင်းနေ့ရက်မှ

ကရုဏာရောင်ခြည်မြင်ရ

အတွင်းအလင်းဖြည့်ပေးခြင်း

ဝမ်းမြောက်၊ စိတ်နှလုံးနွေးထွေး။

Verse 3

ကျွန်ုပ်စိတ်ထဲ လာလည်ပါ

ပြစ်သောကဖြိုခွင်းပါလေ

ရောင်ခြည်တော်ကို ဖြည့်ပေးပါ

မယုံကြည်မှုလွင့်ပြေးမည်

ကိုယ်တော်သာ ထင်ရှားပြဖော်

စုံလင်နေ့တိုင်ထွန်းလင်းပါ။

Hymn details

Key: G Major

Audio