M212E361KC212MT212

ဘုရားမေတ္တာ၊ ကိုယ်တော်ဖွင့်ပြ

တောင့်တခြင်းများ - ခရစ်တော်အတွက်

21

Verse 1

ဘုရားမေတ္တာ၊ ကိုယ်တော်ဖွင့်ပြ

လူ့ဇာတိယူ၊ သေခံမူပြီ

ဝမ်းမြောက်စွာဖြင့် ထံတော်လာပြီ

ကိုယ်တော်အဖို့ ကျွန်ုပ်ဆက်ကပ်။

Verse 2

ဘုရားအလင်း၊ ကိုယ်တော်ပြသ

အလင်းရင်းမြစ်၊ သွေးသားခံယူ

ကျွန်ုပ်အပေါ် အလင်းထွန်းလင်း

စိတ်နှလုံး၌ အစဉ်လောင်ကျွမ်း။

Verse 3

သမ္မာတရား၊ ကိုယ်တော်သိစေ

သမ္မာတရား ရောင်ပြန်ဟပ်ပြီ

စိတ်နှလုံး၌ ပလ္လင်တော်တည်

ကျွန်ုပ်တို့အား လွတ်မြောက်စေပြီ။

Verse 4

အိုကားတိုင်ပေါ်၊ ကိုယ်တော်သည်းခံ

ကြွေးကြော်မူကာ သေခံခဲ့ရှာ

လူသားအတွက် ရွေးနုတ်လုံခြုံ

ကောင်းချီးရိပ်ဝယ် ခိုလုံပါပြီ။

Verse 5

အိုငြိမ်သက်ခြင်း၊ ကိုယ်တော်မစ

ကောင်းကင်ချိုးငှက် ဆင်းသက်မူပြီ

ကျွန်ုပ်အတွင်း ကိန်းဝပ်မူရာ

မျက်မှောက်တော်ဖြင့် သရဖူဆောင်း။

Verse 6

အိုဝမ်းမြောက်ခြင်း၊ ကိုယ်တော်ဖြင့်ပိုင်

ကားတိုင်ပေါ်တွင် ကိုယ်တော်သေခံ

ကိုယ်တော်ဖြည့်ပါ၊ ကောင်းချီးပေးပါ

ရောင့်ရဲကျေနပ်၊ နားခိုလုံခြုံ။

Hymn details

Key: D Major

Audio