ခမည်းတော်ဘုရားကို လေးမြတ်
ခမည်းတော်ကို ကိုးကွယ်ခြင်း - ဖြောင့်မတ်ခြင်း
Verse 1
ခမည်းတော်ဘုရားကို လေးမြတ်
ကိုယ်တော်၏ဖြောင့်မတ်ခြင်းကြောင့်
ခရစ်တော်၌ ဖြောင့်မတ်ခံရ
သြတ္တပ္ပစိတ်ဖိစီးကင်း
ကိုယ်တော်သည် ဖြောင့်မတ်၊ သစ္စာရှိ
ဖြောင့်မတ်ခြင်း၌ ရပ်တည်မည်
ကိုယ်တော်၌ ဖြောင့်မတ်ခြင်းသာရှိ
ဖြောင့်မတ်လက်တော် စဉ်မြဲတည်။
Verse 2
ယေရှုပေါ် အပြစ်များတင်ပေး
ဖြောင့်မတ်သောကိုယ်တော်သေခံ
တောင်းဆိုရာသန့်ရှင်းတရားများ
သေခံခြင်းဖြင့် ပြည့်စုံစေ
ကိုယ်တော်၏နာကျင်သေခံခြင်း
ကိုယ်တော့်ကို ကျေနပ်စေပြီ
ဖြောင့်မတ်ရှင် ဘုရားသခင်အား
မည်သို့ ချီးမွမ်းလျက် ကြွေးကြော်။
Verse 3
ခမည်းတော်ဘုရား လက်ခံပြီ
ယေရှုသည် ကိုယ်စားသေခံ
မဖြောင့်မတ်သူဖို့ စီရင်ခံ
ကိုယ်တော့်သဘောပြောင်းလဲကင်း
စုံလင်ဖြောင့်မတ် သက်သေခံပြီ
လက်ယာတော်တွင် ထိုင်မူပြီ
ကိုယ်တော်၏ပြည့်ဝ ကျေနပ်ခြင်း
လိုအပ်ရာဖြောင့်မတ်ခြင်းပြည့်။
Verse 4
အဖ၊ ယေရှု၏သွေးတော်ဖြင့်
ကိုယ်တော့်ဖြောင့်မတ်ခြင်းပိုင်ဆိုင်
ဖြောင့်မတ်ခြင်း၏ကွယ်ကာမှုဖြင့်
တုန်လှုပ်မှုအလျင်းမရှိ
ကိုယ်တော်၏ဖြောင့်မတ်ခြင်းအောက်၌
မည်သူမျှစီရင်မရ
ဤရာထာဝရသက်သေထူ
ယေရုရှလင်မြို့သစ်တည်။
Hymn details
စာသား: Witness Lee
သံစဉ်: Franz Joseph Haydn
Meter: 8.7.8.7.D.
Key: Eb Major
Time: 4/4
Audio