မျှော်လင့်ခြင်းမဲ့သော ချုပ်နှောင်ထဲ၌
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ဘုရားနှင့်သင့်မြတ်ခြင်း
Verse 1
မျှော်လင့်ခြင်းမဲ့သော ချုပ်နှောင်ထဲ၌
ယုံကြည်သော်လည်း ယုံကြည်ခြင်းမလာ
မိုးကောင်းကင်ကြည်လင် ယေရှုပေါ်ထွန်းလာ
ကိုယ်တော်သက်ရှင်စေပြီ
ကျွန်ုပ်သက်ရှင်ရပြီ။
chorus
သွေးတော်အားဖြင့် ရန်ငြိမ်းစေမူပြီ
ဘုရားအတွက် ယေရှုရွေးနှုတ်ပေး
စီရင်ခြင်းကင်းဝေး ဖြောင့်မတ်ခြင်းတည်မြဲ
ဘုရားနှင့် သင့်မြတ်ပြီ
ဘုရားနှင့် သင့်မြတ်ပြီ။
Verse 2
အာဒံ၌မွေးဖွား သေခြင်းရင်ဆိုင်
ဖျားနာခြင်းတွေ့ကြုံ ငြိမ်းစေသူမဲ့
သားတော်ကိုစေလွှတ် အာဒံဆုံးသတ်ပြီ
ကိုယ်တော်သေခံမူပြီ
ကျွန်ုပ်လွတ်မြောက်ရပြီ။
chorus
သွေးတော်အားဖြင့် ရန်ငြိမ်းစေမူပြီ
ဘုရားအတွက် ယေရှုရွေးနှုတ်ပေး
စီရင်ခြင်းကင်းဝေး ဖြောင့်မတ်ခြင်းတည်မြဲ
ဘုရားနှင့် သင့်မြတ်ပြီ
ဘုရားနှင့် သင့်မြတ်ပြီ။
Verse 3
ကျေးဇူးတော်၌ ကျွန်ုပ်ဝမ်းမြောက်ပြီ
အိုဟာလေလုယ အပြစ်လွတ်ပြီ
ကျွန်ုပ်ထဲ ဘုရားစီးဆင်းကာ ကြီးထွား
ကယ်တင်ခြင်းရောက်ရှိပြီ
ဘုရားသက် ရရှိပြီ။
chorus
သွေးတော်အားဖြင့် ရန်ငြိမ်းစေမူပြီ
ဘုရားအတွက် ယေရှုရွေးနှုတ်ပေး
စီရင်ခြင်းကင်းဝေး ဖြောင့်မတ်ခြင်းတည်မြဲ
ဘုရားနှင့် သင့်မြတ်ပြီ
ဘုရားနှင့် သင့်မြတ်ပြီ။
Hymn details
Key: G Major
Audio