M206E349KC206MT206

သမင်ဒရယ် မောပန်းသောခါ

တောင့်တခြင်းများ - ဘုရားသခင်အတွက်

21

Verse 1

သမင်ဒရယ် မောပန်းသောခါ

စမ်းရေတောင့်တသည်နည်း

ကျေးဇူးတော်နှင့် ကိုယ်တော်မြတ်အား

ကျွန်ုပ်စိတ် တောင့်တလှ။

Verse 2

နားခိုကင်းမဲ့ ပင်ပန်းငါ့စိတ်

ဘုရားရှင်အား ကိုးစား

သင့်အား ကိုယ်တော် ကူညီမစ

ဝမ်းမြောက်ခြင်းကို ဖြည့်ပေး။

Verse 3

သက်ရှင်ဘုရား၊ ကျွန်ုပ်ဘုရား

ဆာငတ်တောင့်တလှသည်

ဘယ်သောခါ မျက်နှာတော်ဖူးမြင်

အနန္တ ဘုရားရှင်။

Verse 4

ကျွန်ုပ်ခွန်အားဖြစ်သော ဘုရား

ဘယ်မျှကာလပတ်လုံး

ကျွန်ုပ်သည် ဖိနှိပ်မှုအောက်၌

ကဲ့ရဲ့ခံရမည်နည်း။

Verse 5

အို ငါ့စိတ်သည် ဘယ်ကြောင့် ညှိုးငယ်

ကိုယ်တော်မြတ်ကို မျှော်လင့်

ဘုရားရှင်အား ချီးမွမ်းကျူးဧ

ထာဝရ သက်စမ်းရေ။

Hymn details

Key: G Major

Audio