အိုကျေးဇူးရှင် သခင်ဘုရား
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း -အထွေထွေ
Verse 1
အိုကျေးဇူးရှင် သခင်ဘုရား
ကိုယ်တော်ကို ခိုလှုံသောနေ့ကား
အလွန်သာယာသောနေ့ပေတည်း
အသက်ထက်ဆုံး အောက်မေ့ပါမည်။
chorus
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့
သခင်ယေရှု မဟာကျေးဇူး
ချီးမွမ်းကြကုန် အသက်ထက်ဆုံး
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့။
Verse 2
အလိုတော်ကို အစဉ်လိုက်မည်
ယခု စိတ်နှလုံး ချပါပြီ
ဝမ်းမြောက်ဖွယ်သော သတင်းတရား
အလွန်နှစ်သက် အားရတကား။
chorus
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့
သခင်ယေရှု မဟာကျေးဇူး
ချီးမွမ်းကြကုန် အသက်ထက်ဆုံး
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့။
Verse 3
ကြီးသောအမှု ခုပြီးပါပြီ
လက်တော်သို့ ကိုယ်ကို အပ်ပြီးပြီ။
ရှင်ယေရှုသည် ကျွန်ုပ်သခင်
ဖြစ်မှန်းကို မှတ်ကြပါအစဉ်။
chorus
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့
သခင်ယေရှု မဟာကျေးဇူး
ချီးမွမ်းကြကုန် အသက်ထက်ဆုံး
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့။
Verse 4
ငါ့စိတ်နှလုံး ငြိမ်ဝပ်ပါစေ
မှန်သောအကျိုးကို တွေ့ရပြီ
ရှင်ယေရှုကို မှီဝဲခိုလှုံ
ရွှင်လန်းရမည် ကမ္ဘာမကုန်။
chorus
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့
သခင်ယေရှု မဟာကျေးဇူး
ချီးမွမ်းကြကုန် အသက်ထက်ဆုံး
သာယာနေ့၊ သာယာနေ့
အပြစ်များကို ဆေးကြောသောနေ့။
Hymn details
Key: D Major
Audio