M201E341KC201MT201

ငြိမ်သက်ခြင်းမြစ်လို ကျွန်ုပ်ကို လမ်းပြသည်

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း -အထွေထွေ

21

Verse 1

ငြိမ်သက်ခြင်းမြစ်လို ကျွန်ုပ်ကို လမ်းပြသည်

ဝမ်းနည်းခြင်းပင်လယ်လှိုင်းလိမ့်လို

ကိုယ်တော်၊ ကျွန်ုပ်အား သင်သောအရာများသည်

ကောင်းပေသည်၊ ကောင်းပေသည် စိတ်အဖို့။

chorus

ကောင်းပေသည်၊ စိတ်အဖို့

ကောင်းပေသည်၊ ကောင်းပေသည် စိတ်အဖို့။

Verse 2

စာတန်နှောင့်ရှက်၍ စုံစမ်းခြင်းရောက်သော်လည်း

ကတိတော်မြတ်၊ တည်မြဲပါစေ

ခရစ်တော်၊ ကျွန်ုပ်အားနည်းခြင်းထောက်ရှုပြီ

ကျွန်ုပ်စိတ်အဖို့ သွေးတော်သွန်းလေ။

chorus

ကောင်းပေသည်၊ စိတ်အဖို့

ကောင်းပေသည်၊ ကောင်းပေသည် စိတ်အဖို့။

Verse 3

အိုအံ့ဘွယ်ချစ်ခြင်းမေတ္တာတော် အောက်မေ့သော်

ကျွန်ုပ် အပြစ်အားလုံးတို့ပင်

ငါမှလွတ်ရှင်းကွာ ဆွဲခြင်းခံ တိုင်တော်ပေါ်

ကျွန်ုပ်စိတ်၊ ကိုယ်တော်အား ချီးမွမ်းလော့။

chorus

ကောင်းပေသည်၊ စိတ်အဖို့

ကောင်းပေသည်၊ ကောင်းပေသည် စိတ်အဖို့။

Verse 4

ငါ့ဖို့ ခရစ်တော်၊ ခရစ်တော်၊ သက်ရှင်ရာ

မှောင်မိုက်ကျလည်း လွင့်ပျောက်လိမ့်မည်

သေခြင်း၊ ရှင်ခြင်း၌ ဒုက္ခကို မကြောက်ပြီ

ကျွန်ုပ်စိတ်ဖို့ ငြိမ်သက်ခြင်း၊ ကိုယ်တော်။

chorus

ကောင်းပေသည်၊ စိတ်အဖို့

ကောင်းပေသည်၊ ကောင်းပေသည် စိတ်အဖို့။

Hymn details

Key: C Major

Audio