နေ့ရောင်ထက် ထွန်းတောက်သောအလင်းသည်
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း -အထွေထွေ
Verse 1
နေ့ရောင်ထက် ထွန်းတောက်သောအလင်းသည်
ယနေ့ ကျွန်ုပ်စိတ်၌
မှောင်မိုက် ဝမ်းနည်းခြင်း ပျောက်စေ၏
ယေရှု ထိုအလင်းတည်း။
chorus
အိုယေရှုရှင် ထွန်းတောက်အလင်း
ငြိမ်သက်သာယာစွာ အချိန်လွန်စဉ်
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဉ်
ကျွန်ုပ်စိတ်၌ အလင်းရှိသည်။
Verse 2
ကျွန်ုပ်၏ ဘုရင်ကို ချီးမွမ်းခြင်း
ကျွန်ုပ်စိတ်၌ ရှိ၏
နှုတ်မြွက်၍ မဆိုနိုင်သော်လည်း
ကိုယ်တော်နားထောင်မူ၏။
chorus
အိုယေရှုရှင် ထွန်းတောက်အလင်း
ငြိမ်သက်သာယာစွာ အချိန်လွန်စဉ်
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဉ်
ကျွန်ုပ်စိတ်၌ အလင်းရှိသည်။
Verse 3
အပင်ပေါက်သောဥတုရောက်ပေသည်
ယနေ့ ကျွန်ုပ်စိတ်တွင်
စိတ်နှလုံး၌ ငြိမ်သက်ခြင်း ချိုးငှက်
ကျေးဇူးပန်းများပွင့်၏။
chorus
အိုယေရှုရှင် ထွန်းတောက်အလင်း
ငြိမ်သက်သာယာစွာ အချိန်လွန်စဉ်
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဉ်
ကျွန်ုပ်စိတ်၌ အလင်းရှိသည်။
Verse 4
ချီးမွမ်းခြင်း၊ မေတ္တာနှင့် မျှော်လင့်ခြင်း
ဝမ်းမြောက် ကျွန်ုပ်စိတ်၌
ယခု ကောင်းချီးမင်္ဂလာများ
ထက်မှ ဝမ်းမြောက်ခြင်းပြည့်။
chorus
အိုယေရှုရှင် ထွန်းတောက်အလင်း
ငြိမ်သက်သာယာစွာ အချိန်လွန်စဉ်
ကိုယ်တော်မြတ်သည် ပြုံးတော်မူစဉ်
ကျွန်ုပ်စိတ်၌ အလင်းရှိသည်။
Hymn details
Key: G Major
Audio