ဘုရင်ခရစ်တော် ကတိတော်ပေါ် ရပ်တည်
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ခိုင်မြဲသောတိုက်မြစ်
Verse 1
ဘုရင်ခရစ်တော် ကတိတော်ပေါ် ရပ်တည်
အနန္တကာလပတ်လုံး ချီးမွမ်းပါမည်
မြင့်ဆုံးဘုန်းတော်ကို ချီးမွမ်းကြွေးကြော်ပါမည်
ဘုရား၏ကတိတော်ပေါ် ရပ်တည်။
chorus
ရပ်တည် - ရပ်တည်
ကယ်တင်ရှင်ဘုရား၏ကတိတော်ပေါ် ရပ်တည်
ရပ်တည် - ရပ်တည်
ဘုရား၏ ကတိတော်ပေါ် ရပ်တည်နေ။
Verse 2
မပျက်နိုင်သော ကတိတော်များ၌ ရပ်တည်
ယုံမှားခြင်း၊ ကြောက်ရွံ့ခြင်း မုန်တိုင်းကျသောခါ
အသက်ရှင်သော နှုတ်ကပတ်တော်ဖြင့် အောင်မြင်
ဘုရား၏ကတိတော်ပေါ် ရပ်တည်။
chorus
ရပ်တည် - ရပ်တည်
ကယ်တင်ရှင်ဘုရား၏ကတိတော်ပေါ် ရပ်တည်
ရပ်တည် - ရပ်တည်
ဘုရား၏ ကတိတော်ပေါ် ရပ်တည်နေ။
Verse 3
ကတိတော်၌ရပ်တည်လျက် ယခုငါမြင်
အသွေးတော်၌ သန့်ရှင်း၊ စုံလင်ခြင်းသို့ရောက်
လွတ်မြောက်စေသော လွှတ်ခြင်း၌ရပ်တည်နေမည်
ဘုရား၏ကတိတော်ပေါ် ရပ်တည်။
chorus
ရပ်တည် - ရပ်တည်
ကယ်တင်ရှင်ဘုရား၏ကတိတော်ပေါ် ရပ်တည်
ရပ်တည် - ရပ်တည်
ဘုရား၏ ကတိတော်ပေါ် ရပ်တည်နေ။
Verse 4
သခင်ခရစ်တော်၏ ကတိ၌ ရပ်တည်
မေတ္တာကြိုးဖြင့် ထာဝရချည်နှောင်ခံပြီ
ဝိညာဉ်တော် ဓားဖြင့် နေ့စဉ် ကျွန်ုပ်အောင်မြင်
ဘုရား၏ကတိတော်ပေါ် ရပ်တည်။
chorus
ရပ်တည် - ရပ်တည်
ကယ်တင်ရှင်ဘုရား၏ကတိတော်ပေါ် ရပ်တည်
ရပ်တည် - ရပ်တည်
ဘုရား၏ ကတိတော်ပေါ် ရပ်တည်နေ။
Verse 5
ကတိတော်ပေါ်ရပ်တည် ကျွန်ုပ် မကျဆင်း
ဝိညာဉ်တော်ခေါ်သံကို ချိန်တိုင်းနားစွင့်မည်
ရာခပ်သိမ်းဖြစ်သော ကယ်တင်ရှင်၌နားခို
ဘုရား၏ကတိတော်ပေါ် ရပ်တည်။
chorus
ရပ်တည် - ရပ်တည်
ကယ်တင်ရှင်ဘုရား၏ကတိတော်ပေါ် ရပ်တည်
ရပ်တည် - ရပ်တည်
ဘုရား၏ ကတိတော်ပေါ် ရပ်တည်နေ။
Hymn details
Key: G Major
Audio