ဘုရားသခင်၏နှုတ်ကပတ်တော်မြတ်၌
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - ခိုင်မြဲသောတိုက်မြစ်
Verse 1
ဘုရားသခင်၏နှုတ်ကပတ်တော်မြတ်၌
ယုံကြည်ခြင်းတိုက်မြစ်သည် တည်မြဲစဉ်တစိုက်
ယေရှုထံတော်ပြေး ခိုလှုံသန့်ရှင်းသူများ
ခံစားဖို့ ကတိများ ထူးမြတ်စွာတကား။
Verse 2
သင်နှင့် ငါရှိပြီ၊ အိုမစိုးရိမ်ပါနှင့်
ငါကား သင့်ဘုရား၊ ငါပင် သင့်ကိုထောက်ပင့်
အနန္တတန်ခိုးပြည့်စုံသော ငါ့လက်သည်
သင့်ကို အားပေးမစ၊ တည်ကြည်စေလိမ့်မည်။
Verse 3
ရေနက်ကြီးထဲသို့ ဆင်းသွားရသော်ငြားလည်း
ငါသည် ပညတ်လျှင် ဒုက္ခမြစ် မလွှမ်းမိုး
တခဲနက်အမင်္ဂလာမှ ချွတ်ဖို့ရန်
သင့်ကို သန့်ရှင်းစိမ့်ငှါ၊ ငါသည်ရှိလတံ့။
Verse 4
စုံစမ်းခြင်းမီးထဲသို့ သင်လျှောက်သွားရလျှင်
လုံလောက်စွာ ငါ့ကျေးဇူးပေါ်လာမည်အစဉ်
မီးသင့်ကို မနာစေရ၊ ငါစီရင်မည်
သင်ချော်ကျွမ်းစေ၍ သင့်ရွှေချွတ်အံ့သတည်း။
Verse 5
အိုမင်းသည်တိုင်အောင်၊ ငါ့လူအားလုံးတို့သည်
မရွေ့လျော့၊ ငါ့မေတ္တာ ခံစားကြလိမ့်မည်
သူတို့နားထင်၌ ဆံပင်ဖြူသောအခါ
ငါ့ရင်ခွင်မှာ နေရလိမ့်မည် လုံခြုံစွာ။
Verse 6
ယေရှုကို မှီဝဲခိုလှုံသောဝိညာဉ်ကို
ငါသည် ရန်သူ့လက်သို့ အလျင်းမအပ်လို
ငရဲမင်းက တိုက်လှန်ရန် အားထုတ်သော်ကား
ဘယ်ကာလ၌မျှ ငါမစွန့်ပစ်နိုင်ရာ။
Hymn details
Key: G Major
Audio