'' သစ္စာတော်ကြီးမြတ်လှ ''၊ အိုအဖဘုရား
ခမည်းတော်ကို ကိုးကွယ်ခြင်း - သစ္စာရှိခြင်း
Verse 1
'' သစ္စာတော်ကြီးမြတ်လှ ''၊ အိုအဖဘုရား
ကိုယ်တော်လှည့်ပြန်သွားသောအရိပ်မရှိ
ပြောင်းလဲခြင်းကင်း၊ မေတ္တာတော်သည် လျော့မသွား
ကိုယ်တော်သည် ထာဝရတည်သောအရှင်။
chorus
'' သစ္စာတော်ကြီးမြတ်လှ ''
'' သစ္စာတော်ကြီးမြတ်လှ ''၊
နံနက်အစဉ် ကရုဏာသစ်ကိုမြင်
လိုအပ်ရာအားလုံး ကိုယ်တော်မစပေးနေ
'' သစ္စာတော်ကြီးမြတ်လှ ''၊ ကျွန်ုပ်ထံသို့။
Verse 2
နွေဦးရိတ်သိမ်းချိန်၊ နွေနှင့်ဆောင်းကာလဝယ်
ထက်ကောင်းကင်၌ နေ၊ လ၊ ကြယ်များတည်နေ
ရှိသမျှအရာအားလုံးသက်သေထူနေ
သစ္စာ၊ ကရုဏာ၊ မေတ္တာလွန်ကြီးမား။
chorus
'' သစ္စာတော်ကြီးမြတ်လှ ''
'' သစ္စာတော်ကြီးမြတ်လှ ''၊
နံနက်အစဉ် ကရုဏာသစ်ကိုမြင်
လိုအပ်ရာအားလုံး ကိုယ်တော်မစပေးနေ
'' သစ္စာတော်ကြီးမြတ်လှ ''၊ ကျွန်ုပ်ထံသို့။
Verse 3
အပြစ်အတွက် ဝန်ချတောင်းပန် သင့်မြတ်ရန်
မျက်မှောက်တော်သာ ရွှင်လန်းရာ၊ လမ်းညွှန်ရာ
ယနေ့တွက်ခွန်အား၊ နက်ဖြန်တွက် မျှော်လင့်ရာ
ကျွန်ုပ်အတွက် ကောင်းချီးထောင်သောင်းနှင့်ပြည့်။
chorus
'' သစ္စာတော်ကြီးမြတ်လှ ''
'' သစ္စာတော်ကြီးမြတ်လှ ''၊
နံနက်အစဉ် ကရုဏာသစ်ကိုမြင်
လိုအပ်ရာအားလုံး ကိုယ်တော်မစပေးနေ
'' သစ္စာတော်ကြီးမြတ်လှ ''၊ ကျွန်ုပ်ထံသို့။
Hymn details
စာသား: Thomas Obediah Chisholm
သံစဉ်: William Marion Runyan
Meter: 11.10.11.10.
Key: D Major
Time: 3/4
Audio