M198E338KC198MT198

ကျွန်ုပ်အတွက် ကိုယ်တော်နာကျင်

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - အမှုပြီးမြောက်

21

Verse 1

ကျွန်ုပ်အတွက် ကိုယ်တော်နာကျင်

ကားတိုင်ပေါ်တွင် ကျွန်ုပ်တွက်နာကျင်ခံ

ကျူးလွန်ပြစ်မရှိတော့၊ လွတ်မြောက်ရပြီ

ကျွန်ုပ်တွက် ယေရှုနာကျင်သောကြောင့်တည်း။

Verse 2

ကျွန်ုပ်အတွက် ကိုယ်တော်သေခံ

ကားတိုင်ပေါ်တွင် ကျွန်ုပ်တွက်သေခံခဲ့

သေခံခြင်း၌ ရွေးနုတ်ခြင်းမြင်ရပြီ

ကျွန်ုပ်တွက် ယေရှုသေခံသောကြောင့်တည်း။

Verse 3

ကျွန်ုပ်အတွက် ကိုယ်တော်ထမြောက်

သင်္ချိုင်းတော်မှ ကျွန်ုပ်တွက်ထမြောက်ပြီ

သေခြင်းအရိပ်မှ ထာဝရလွတ်မြောက်

ကျွန်ုပ်တွက် ယေရှုထမြောက်သောကြောင့်တည်း။

Verse 4

ကျွန်ုပ်အတွက် ကိုယ်တော်သက်ရှင်

မြင့်ကောင်းကင်၌ ကျွန်ုပ်တွက်သက်ရှင်နေ

ကျွန်ုပ်တွက် နေ့စဉ်ကိုယ်တော်ဆုတောင်းနေ

ကျွန်ုပ်တွက် ယေရှုသက်ရှင်သောကြောင့်တည်း။

Verse 5

ကျွန်ုပ်အတွက် ကိုယ်တော်ကြွလာ

မကြာမီတွင် ကျွန်ုပ်တွက်ကြွဆင်းလာ

မျက်နှာတော်မြင်ရ၊ မည်မျှဝမ်းမြောက်ရ

ကျွန်ုပ်တွက် ကိုယ်တော်ကြွလာချီးမွမ်းမည်။

Hymn details

Key: D Major

Audio