ကျွန်ုပ်တွေ့ပြီ၊ မိတ်ဆွေတွေ့ပြီ၊
ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - သခင်ဘုရား၏ချစ်ခြင်း
Verse 1
ကျွန်ုပ်တွေ့ပြီ၊ မိတ်ဆွေတွေ့ပြီ၊
မသိမီချစ်တော်မူ၏
မေတ္တာတော်ကြိုးနှင့် သွေးဆောင်သည်
ထိုကြိုးဖြင့် ချည်နှောင်ဆောင်၏
ကျွန်ုပ်၏နှလုံးကို ပတ်စည်း
ဘယ်သူမှ မဖြည့်နိုင်ပြီ
ကိုယ်တော်အကျွန်ုပ်အားပိုင်သ၊
အစဉ်မပြတ်ထာဝရ။
Verse 2
ကျွန်ုပ်တွေ့ပြီ၊ မိတ်ဆွေတွေ့ပြီ၊
ကယ်ရန်သေခံသွေးသွန်း၏
အသက်ရေကိုပေးသည်အပြင်
ကိုယ်တော်တိုင်ကို ပေးမူလျှင်
ကျွန်ုပ်ပိုင်ရာ ဘာမျှမရှိ
ကိုယ်တော်နှင့်သာဆိုင်သတည်း
နှလုံးခွန်အား၊ အသက်ဥစ္စာ
ကိုယ်တော်စဉ်လျှင် ပိုင်မူပါ။
Verse 3
ကျွန်ုပ်တွေ့ပြီ၊ မိတ်ဆွေတွေ့ပြီ၊
ကြင်နာချစ်ခင်သိမ်မွေ့သည်
အကြံပေး လမ်းပြရန်စွမ်းပေ
ကွယ်ကာရန် တန်ခိုးကြီးလေ
ထိုမျှချစ်သောအရှင်ထံမှ
ခွဲနိုင်တန်ခိုးမရှိပါ
အသက်သေခြင်း၊ ငရဲ၊ လောက၊
ဘယ်ရာမှ မခွဲနိုင်ကြ။
Hymn details
စာသား: James Grindlay Small
သံစဉ်: George Coles Stebbins
Meter: 8.7.8.7.D(I).
Key: F Major
Time: 3/4
Audio