M172E291KC172MT172

လွန်စွာဝမ်းမြောက်ရ၊ ကောင်းကင်အဖသည်

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - သခင်ဘုရား၏ချစ်ခြင်း

21

Verse 1

လွန်စွာဝမ်းမြောက်ရ၊ ကောင်းကင်အဖသည်

ကျမ်းစာ၌ ပေးခဲ့မေတ္တာမိန့်မြွက်ထား

ကျမ်းစာ၌ အံ့ဖွယ်ရာတွေ့ရှိရပြီ

ကျွန်ုပ်ကို ယေရှုမည်မျှချစ်ကြောင်းတည်း။

chorus

လွန်စွာဝမ်းမြောက်၊ ယေရှုချစ်မူပြီ

ကျွန်ုပ်ကိုချစ်၊ ကျွန်ုပ်ကိုချစ်

လွန်စွာဝမ်းမြောက်၊ ယေရှုချစ်မူပြီ

ကျွန်ုပ်ကိုပင် ချစ်ပြီ။

Verse 2

ကိုယ်တော်ကိုမေ့လျော့၊ လှည့်လည်သွားနေခဲ့

လမ်းလွှဲနေသောကျွန်ုပ်ကို ချစ်မူပြီ

ယေရှု၏မေတ္တာကို အောက်မေ့စဉ်ခါ

မေတ္တာရင်ခွင်တော်သို့ ပြေးဝင်ခိုလုံ။

chorus

လွန်စွာဝမ်းမြောက်၊ ယေရှုချစ်မူပြီ

ကျွန်ုပ်ကိုချစ်၊ ကျွန်ုပ်ကိုချစ်

လွန်စွာဝမ်းမြောက်၊ ယေရှုချစ်မူပြီ

ကျွန်ုပ်ကိုပင် ချစ်ပြီ။

Verse 3

ကျွန်ုပ်ဆိုနိုင်သောသီချင်းတစ်ပုဒ်မှာ

ကြီးမြတ်ဘုရင်၏လှပမှုမြင်ခြင်း

ဤသည်ကား ကျွန်ုပ်ထာဝရသီချင်း

" အိုအံ့သြဖွယ်၊ ကျွန်ုပ်ကို ယေရှုချစ် "။

chorus

လွန်စွာဝမ်းမြောက်၊ ယေရှုချစ်မူပြီ

ကျွန်ုပ်ကိုချစ်၊ ကျွန်ုပ်ကိုချစ်

လွန်စွာဝမ်းမြောက်၊ ယေရှုချစ်မူပြီ

ကျွန်ုပ်ကိုပင် ချစ်ပြီ။

Hymn details

စာသား: Philip Paul Bliss

သံစဉ်: Philip Paul Bliss

Meter: 10.10.10.10. with chorus.

Key: G Major

Time: 6/8

Audio