M170E286KC170MT170

ယေရှုအံ့ဘွယ်မေတ္တာတော်

ကယ်တင်ခြင်းစိတ်ချမှုနှင့်ဝမ်းမြောက်ခြင်း - သခင်ဘုရား၏ချစ်ခြင်း

21

Verse 1

ယေရှုအံ့ဘွယ်မေတ္တာတော်

ပြစ်သား ကျွန်ုပ်ကိုရှာ

ခြံသို့ပို့ဆောင်ကျေးဇူးတော်

တုမဲ့ကရုဏာကား

သမုဒ္ဒရာထက်နက်ပေ

ကောင်းကင်ဘုံထက်မြင့်လေ

ထိုမေတ္တာတော်မြတ်ကြောင်းကို

ကျွန်ုပ်သီချင်းကျူးဆို။

chorus

ယေရှုအံ့ဘွယ် မေတ္တာတော်

တစ်နှစ်ထက် တစ်နှစ်တိုးသိ

နက်နဲကျယ်ဝန်းမြင့်သော

အံ့ဘွယ်မေတ္တာတော်သည်

ကြာလေတိုးနားလည်ရ၏။

Verse 2

ရှေးခါယုဒပြည်တစ်ဝိုက်

ကိုယ်တော် သွားလာနေခိုက်

ကယ်ဆယ်ကျေးဇူးသိလို့ငှာ

နောက်တော်လူတို့လိုက်ရာ

ကြေကွဲနှလုံးချမ်းသာပေး

ကန်းသူများကိုမြင်စေ

မြင့်မြတ်လှ မဟာမေတ္တာ

ကျွန်ုပ်ကိုပင် လိုက်ရှာ။

chorus

ယေရှုအံ့ဘွယ် မေတ္တာတော်

တစ်နှစ်ထက် တစ်နှစ်တိုးသိ

နက်နဲကျယ်ဝန်းမြင့်သော

အံ့ဘွယ်မေတ္တာတော်သည်

ကြာလေတိုးနားလည်ရ၏။

Verse 3

ကားတိုင်တော်၌ ဝေဒနာ

ကျွန်ုပ်တို့တွက်အရှုံး

ညည်းသံမပြုဘဲခံရှာ

ထိုမေတ္တာတော်မြတ်ကို

သန့်ရှင်းသူတို့နှင့်တကွ

အသံလွှင့်၍ချီးမြောက်

ကယ်တင်ရှင်အားချီးမွမ်းသံ

ကောင်းကင်မြေပြင်လုံးလျှံ။

chorus

ယေရှုအံ့ဘွယ် မေတ္တာတော်

တစ်နှစ်ထက် တစ်နှစ်တိုးသိ

နက်နဲကျယ်ဝန်းမြင့်သော

အံ့ဘွယ်မေတ္တာတော်သည်

ကြာလေတိုးနားလည်ရ၏။

Hymn details

စာသား: Lelia Naylor Morris

သံစဉ်: Lelia Naylor Morris

Meter: 7.6.7.6. with chorus.

Key: Ab Major

Time: 3/4

Audio