M131E1110KC131MT131

သခင်ယေရှု၊ ကိုယ်တော်၏စားပွဲတော်ရှေ့

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

သခင်ယေရှု၊ ကိုယ်တော်၏စားပွဲတော်ရှေ့

မုန့်နှင့် စပျစ်ရည်၊ ကျွန်ုပ်တို့မြင်ရ

ချီးမွမ်းပါသည်၊ ကိုယ်တော်သည် စားစရာဖြစ်

ကိုယ်တော်ရှင်ကို လူသားများဝမ်းမြောက်ရ။

chorus

ကျွန်ုပ်ဖြစ်ခြင်း ကိုယ်တော်ကို ချီးမွမ်းမည်

ကိုယ်တော်ရှင်သည် စားစရာဖြစ်

ထာဝရတိုင် ကျွန်ုပ်တို့စားသောက်မည်

ကိုယ်တော်ရှင်သည် စားစရာဖြစ်။

Verse 2

မည်မျှရှက်ဖွယ် - ခရစ်တော်သည် လွန်ကြွယ်ဝ

လောကသို့ကြွ၊ အသက်ကိုမစရာ-

လူပေါင်းများစွာ သွန်သင်ခြင်းဖြင့်သာ သက်ရှင်

ကြွယ်ဝခြင်းများယူဆောင်ရန် အားနည်းကြ။

chorus

သခင်ဘုရားကို ကျွန်ုပ်တို့စားသုံး

မည်မျှအံ့ဖွယ်၊ မည်မျှကြီးမား

စားသုံးခြင်းဖြင့် အတွင်းကျေနပ်မှုရ

ခရစ်တော်သည် ပြည့်ဝကြီးထွား။

Verse 3

ယေရှုခရစ်၊ လူတို့ထံသို့ ကြွလာရာ

ပြင်ပိုင်းဘုရင်ဖြစ် အုပ်စိုးရန်မဟုတ်

ကျေနပ်စေရန် အစာအဖြစ်ကိုယ်တော်ကြွ

အသက်တော်ဖြင့် အတွင်းပိုင်း၌ ဦးဆောင်။

chorus

ကျွန်ုပ်ဖြစ်ခြင်း ကိုယ်တော်ကို ချီးမွမ်းမည်

ကိုယ်တော်ရှင်သည် စားစရာဖြစ်

ထာဝရတိုင် ကျွန်ုပ်တို့စားသောက်မည်

ကိုယ်တော်ရှင်သည် စားစရာဖြစ်။

Verse 4

ကိုယ်တော်ရှင်ကို ကျွန်ုပ်တို့ချီးမွမ်းပါသည်

ခွန်အား၊ တန်ခိုးတော်ပြည့်ဝသောအရှင်

သို့သော်ကိုယ်တော် သေးငယ်စားစရာဖြစ်လာ

ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ်တို့ချီးမွမ်း။

chorus

ကျွန်ုပ်ဖြစ်ခြင်း ကိုယ်တော်ကို ချီးမွမ်းမည်

ကိုယ်တော်ရှင်သည် စားစရာဖြစ်

ထာဝရတိုင် ကျွန်ုပ်တို့စားသောက်မည်

ကိုယ်တော်ရှင်သည် စားစရာဖြစ်။

Hymn details

စာသား: Witness Lee

သံစဉ်: Swedish folk melody

Meter: 11.10.11.10. with chorus.

Key: Bb Major

Time: 4/4

Audio