M132E1111KC132MT132

စားပွဲတော်၌ စည်းဝေးကြ

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

စားပွဲတော်၌ စည်းဝေးကြ

မုန့်နှင့်စပျစ်ရည်မြင်ရ

ယဇ်ပုရောဟိတ်မင်းလည်းရှိ

ကိုယ်တော်သည် ကြွယ်ဝကျွေးမွေး

မေလခိဇေဒက်ကိုယ်တော်

ကျွန်ုပ်တို့ကို ကျွေးမွေးရာ

ဘုရားကြွလာအမှုဆောင်

ကြွယ်ဝစွာမစမူပြီ။

Verse 2

ရန်သူကို တိုက်ခိုက်ချေမှုန်း

ဖျက်ဆီးကာ အောင်နိုင်ခဲ့ရာ

ဘုရင်များကို သတ်ဖြတ်ကာ

အာဗြံသည် အိမ်ပြန်ခဲ့ရာ။

အိမ်ပြန်လမ်းမှာ တွေ့ခဲ့သူ

အာဗြံတွက် ဆုတောင်းပေးသူ

ဖြောင့်မတ်၊ ငြိမ်သက်ခြင်းဘုရင်

အာဗြံတွက် လိုရာမစ။

Verse 3

သခင်၊ ကျွန်ုပ်တို့သည်လည်း

နေ့ရက်တစ်လျှောက်စစ်ပွဲတိုက်

သခင်ဆုတောင်းပေးခြင်းဖြင့်

ယခုကျွန်ုပ်တို့အောင်နိုင်။

စားပွဲတော်၌ ဝန်းရံဆုံ

အသင်းတော်၏အောင်နိုင်ခြင်း

အဆင့်ဆင့်ဖြတ်ကျော်ဘုရား

ကျွန်ုပ်တို့ဝမ်းမြောက်ရပြီ။

Verse 4

စိတ်ပျက်ဖွယ်ပြစ်သားမဟုတ်

အပြစ်များကို ထားခဲ့ပြီ

ဟုတ်မှန်သောစစ်သူရဲများ

ယဇ်ပုရောဟိတ်အမှုဆောင်။

ကျေးဇူးတင်ခြင်း၌ စုဝေး

စိတ်နှလုံးများချီးမွမ်းပြည့်

မေလခိဇေဒက်ထံတော်

အဆုံးစွန် ချီးမွမ်းကြမည်။

Hymn details

Bible: Genesis 14:17-20

သံစဉ်: Ira David Sankey

Meter: 7.7.7.7.D.

Key: F Major

Time: 6/4

Audio