ဤသွေးတော်ခွက်သောက်သုံး
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
Verse 1
ဤသွေးတော်ခွက်သောက်သုံး
ဘုရား၏ရွေးနုတ်ခြင်း
သင့်မြတ်ခြင်းခရစ်တော်
ဤခွက်၌ ပြဖော်နေ။
သားတော်နှင့်မိတ်သဟာယဖွဲ့
ကာရာနီကုန်းပေါ်အမှုပြီး
လမ်းတော်ပွင့်လင်း၊ လူတိုင်းလာနိုင်။
Verse 2
ဤခွက်လူတိုင်းသောက်သုံး
သေခံတော်မူခြင်းပြ
စားသောက်ခြင်းဖြင့် ပြသ
သိုးငယ်ဘုရားလွတ်မြောက်
စားပွဲတော်၌ စုစည်းဝန်းရံ
မုန့်နှင့်စပျစ်ရည်ကို သောက်သုံး
ဤခွက်၌ ကောင်းချီးများကိုမြင်။
Verse 3
နွား၊ ဆိတ်တို့၏အသွေး
မျှော်လင့်ခြင်းမပေးနိုင်
အပြစ်များမပျောက်နိုင်
နှစ်စဉ်တည်မြဲနေသည်
လိုအပ်ရာ ပြစ်ကင်း ဘုရား-လူ
အခြားပူဇော်သက္ကာမလို
လူတွက် အပြစ်ကင်း သိုးသူငယ်။
Verse 4
လာပါ၊ သွေးတော်ဝမ်းမြောက်
ဘုရားထံ လာပါလေ
အံ့ဖွယ်ဆေးကြောတန်ခိုး
အချိန်တိုင်းစီးဆင်းနေ
အလုံးစုံတွက် တစ်ကြိမ်ပူဇော်
သြတ္တပ္ပစိတ်ကြည်လင်ငြိမ်သက်
ရွေးနုတ်ဖိုးခ ကိုယ်တော်ပေးပြီ။
Verse 5
ရွေးနုတ်၊ ကယ်တင်၊ ဘုရင်
သွေးတော်တွက် ချီးမွမ်းမည်
အခမဲ့ကရုဏာ
သွေးတော်၌မြင်ရပြီ
ကောင်းချီးခံရာဤခွက်ဝေစု
သွေးတော်၌ ပဋိညာဉ်ပြုခဲ့
တန်ဖိုးမဖြတ်နိုင်၊ ဖိုးထိုက်လှ။
Hymn details
သံစဉ်: Lewis Edson
Meter: 6.6.6.6.8.8.8.
Key: G Major
Time: 4/4
Audio