စားပွဲတော်ကို ကြည့်ရှုပါလေ
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
21
Verse 1
စားပွဲတော်ကို ကြည့်ရှုပါလေ
မုန့်နှင့် စပျစ်ရည်အတူ
ကယ်တင်ရှင်သည် စောင့်လျက်နေသည်
စားသောက်ပွဲသို့ ဖိတ်ခေါ်နေ။
" လာပါ၊ စားသောက် " သခင်ခေါ်နေ
" ငါနှင့်အတူ စားသောက်လော့ "
ကိုယ်တော်ပြင်ဆင်ပေးသောစားပွဲ
ကြွယ်ဝစွာစားသောက်မွေ့လျော်။
Verse 2
ကယ်တင်ရှင်အတူ စားသောက်
ကိုယ်တော်နှင့်ကျွန်ုပ်တို့တည်
ဟာလေလုယာ၊ ဟာလေလုယာ
အဆုံမဲ့စားသောက်ပွဲဖြစ်။
ကိုယ်တော်နှင့်အတူ စားသောက်ရာ
လုံးလုံးကျေနပ်ဝမ်းမြောက်ရ
ဘုန်းထင်ရှားစားသောက်ပွဲမြည်းစမ်း
ကိုယ်တော်နှင့် သတို့သမီး။
Hymn details
သံစဉ်: Wolfgand Amadeus Mozart, Arranged by Hubert Platt Main
Meter: 8.7.8.7.D.
Key: Ab Major
Time: 4/4
Audio