သခင်ဘုရား၏စားသောက်ပွဲသို့ စုဝေးလာ
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
Verse 1
သခင်ဘုရား၏စားသောက်ပွဲသို့ စုဝေးလာ
စားသောက်ခြင်းဖြင့် တစ်လုံးတစ်ဝထင်ရှားရာ
မျက်မှောက်တော်ပိုင်ဆိုင်၊ တစ်လုံးတစ်ဝ၀န်ခံကြ
စားသောက်ခြင်းဖြင့် ကောင်းချီးမင်္ဂလာကိုသိမြင်။
Verse 2
ချိုးဖဲ့ခဲ့သောကိုယ်တော့်ခန္ဓာမုန့်ကိုစားသုံး
ယခုကိုယ်ခန္ဓာတော်၌ ဝမ်းမြောက်ကြရ
စားပွဲပေါ်မုန့်တစ်လုံး၊ ခန္ဓာတော်တစ်ကိုယ်တည်း
သခင်ဘုရားသည် တစ်လုံးတစ်ဝဖြစ်စေပြီ။
Verse 3
ကောင်းချီးခံရာမင်္ဂလာခွက်ဖလားသောက်သုံး
သွေးတော်၌ အသင်းတော်မိတ်သဟာယဖွဲ့
ယုံကြည်ရွေးနုတ်ခံသန့်ရှင်းသူများကို လက်ခံ
ရွေးနုတ်ခံများအားလုံး ဘုရားထံချဉ်းကပ်ကြ။
Verse 4
ကျွန်ုပ်တို့မြွက်ဆိုနိုင်ရာမှာ " ဟာလေလုယာ "
ဤစစ်မှန်ခြင်းကို ကျွန်ုပ်တို့အား ပေးအပ်
သွေးတော်ကို ယူဆောင်၊ ကိုယ်ခန္ဓာတော်ကိုဝမ်းမြောက်
ကိုယ်တော်သည် ဘုန်းတော်ပြည့်အသင်းတော်ကိုရယူ။
Hymn details
သံစဉ်: A dutch hymn, Arranged by Eduar Kremser
Meter: 12.11.12.12.
Key: C Major
Time: 3/4
Audio