အိုအံ့သြဖွယ်သော သခင်ရှင်
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
Verse 1
အိုအံ့သြဖွယ်သော သခင်ရှင်
ကိုယ်တော်နှင့် ကျွန်ုပ်အတူရှိ
ကိုယ်တော်နှင့် ကျွန်ုပ်တစ်ဦးတည်း
အိုအံ့ဘွယ် နက်နဲသောအရှင်။
Verse 2
ကိုယ်တော်ခန္ဓာ ကျွန်ုပ်တွက်ပေး
ကျွန်ုပ်စဉ်မြဲ ဝေငှပါမည်
ကျွန်ုပ်တွက် ဖိုးထိုက်သွေးနှင့်ဆေး
ကျွန်ုပ်ပြစ် အားလုံးလွတ်စေပြီ။
Verse 3
ထမြောက်ခြင်းဖြင့် ကိုယ်တော်ပြောင်းလဲ
ဝိညာဉ်တော်အဖြစ်သို့ ဆောင်ယူ
ကျွန်ုပ်အတွင်း၌ ပြည့်ဝစေ
ကိုယ်တော်ကြွယ်ဝ ကျွန်ုပ်တွက်ဖြစ်။
Verse 4
ယခုကိုယ်တော် ပုံဆောင်ခြင်းမြင်
မေတ္တာတော်ကြောင့် အသစ်ဖြစ်စေ
ကိုယ်တော့်ကြံစည်တွက် ကျေးဇူးတင်
ကျွန်ုပ်ကိုတစ်ဖန် ပြန်မြင်စေ။
Verse 5
မုန့်နှင့်စပျစ် ကျွန်ုပ်သောက်သုံး
ကိုယ်တော်ချိုမြိန်ခြင်းဖြင့် ဦးဆောင်
ဝိညာဉ်၌ ကိုယ်တော်ကိုလက်ခံ
ဝိညာဉ်များကို ကိုယ်တော်ကျွေးမွေး။
Verse 6
ကိုယ်တော်ကို စဉ်မြဲစားသောက်လေ
သင့်ဝိညာဉ်တွင်းသို့ ယူဆောင်ပါ
ကိုယ်တော်နှင့် ပြည့်ဝသည့်တိုင်အောင်
စစ်မှန်သောအောက်မေ့ခြင်းဖြစ်သည်။
Hymn details
စာသား: Witness Lee
သံစဉ်: Robert A. Schumann
Meter: 8.8.8.8.
Key: C Major
Time: 4/4
Audio