သခင်ယေရှု၊ ဤမုန့်နှင့်ခွက်
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
Verse 1
သခင်ယေရှု၊ ဤမုန့်နှင့်ခွက်
ကိုယ်တော့်အသေခံခြင်းပြ
ပြုတော်အမှု ဆင်ခြင်အောက်မေ့
ကိုယ်တော်ဆင်းရဲဒုက္ခခံ
မုန့်နှင့်ခွက် ကွဲကွာလျက်ရှိရာ
ကိုယ်တော်အသေခံခြင်းပြ
ဝိညာဉ်ဖြင့်ကိုးကွယ်၊ ကြီးမြတ်လှ
ကိုယ်တော်ကို စဉ်မြဲချီးမွမ်း။
chorus
ကိုယ်တော်နာကျင်ခံခွက်
ကျွန်ုပ်ကောင်းချီးခံခွက်
ကိုယ်တော့်မေတ္တာတော် ရွေးနှုတ်ခြင်း
စဉ်မြဲချီးမွမ်းမည်။
Verse 2
မေတ္တာတော်၌ သွေးတော်သွန်းလောင်း
ကျွန်ုပ်တို့ကို ခေါ်တော်မူ
ဘုရားထံမှ ခွဲခွာမပြု
မျက်နှာတော်အမြဲဖူးမြင်
ဘုရားဖြောင့်မတ်ခြင်းနှင့် ဘုန်းတော်
ပြည့်ဝစွာကျေနပ်ဝမ်းမြောက်
ကိုယ်တော်သေခံ ကြွယ်ဝကျေးဇူး
ဘုရားနှင့်အတူတည်ရ။
chorus
ကိုယ်တော်နာကျင်ခံခွက်
ကျွန်ုပ်ကောင်းချီးခံခွက်
ကိုယ်တော့်မေတ္တာတော် ရွေးနှုတ်ခြင်း
စဉ်မြဲချီးမွမ်းမည်။
Verse 3
အသေခံခြင်းဖြင့်ဖုံးကွယ်ရှင်း
သန့်ရှင်းဆုံးဌာနပွင့်လင်း
တားဆီးရာအားလုံး ချိုးဖဲ့ပြီ
ကျေးဇူးတော်ပလ္လင်တိုးဝင်
ကျေးဇူးတော်၊ ကရုဏာခံရ
အချိန်တိုင်းကိုယ်တော်မစ
အသက်ရေကိုသောက်သုံးကြရ
ဘုရားကိုမြည်းစမ်းရပြီ။
chorus
ကိုယ်တော်နာကျင်ခံခွက်
ကျွန်ုပ်ကောင်းချီးခံခွက်
ကိုယ်တော့်မေတ္တာတော် ရွေးနှုတ်ခြင်း
စဉ်မြဲချီးမွမ်းမည်။
Verse 4
ကျေးဇူးတော်၌ ရွေးနှုတ်ပေးပြီ
ယဇ်ပုရောဟိတ်များဖြစ်ရ
သန့်ရှင်းသော စီမံခြင်းပြည့်ရန်
ဘုရားချိုမြိန်ခြင်းဝေမျှ
ကိုယ်တော်၏အသေခံခြင်းဖြင့်
ကောင်းချီး၊ ကရုဏာခံရ
စပျစ်ရည်အသစ်သောက်သည့်တိုင်
ကိုယ်တော့်ကို အောက်မေ့လျက်နေ။
chorus
ကိုယ်တော်နာကျင်ခံခွက်
ကျွန်ုပ်ကောင်းချီးခံခွက်
ကိုယ်တော့်မေတ္တာတော် ရွေးနှုတ်ခြင်း
စဉ်မြဲချီးမွမ်းမည်။
Hymn details
စာသား: Witness Lee
သံစဉ်: Herbert Howard Booth
Meter: 8.7.8.7.D. with chorus.
Key: Eb Major
Time: 4/4
Audio