ပွဲတော်မုန့်နှင့် စပျစ်ရည်
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
Verse 1
ပွဲတော်မုန့်နှင့် စပျစ်ရည်
ရွေးနှုတ်ရာလက္ခဏာဖြစ်
မေတ္တာရှင်မိန့်မှာခဲ့လေ
ကျေးဇူးတော်ကြီးမြတ်လှ။
Verse 2
မုန့်နှင့် စပျစ်ရည်ဖြစ်ငြား
ကောင်းကင်လက္ခဏာထင်ရှား
ယုံကြည်သူဖို့ လေးနက်လှ
ကျေးဇူးတော်ကြီးမြတ်လှ။
Verse 3
ကာရာနီကုန်း ကားတိုင်သို့
ယုံကြည်ရှုမျှော်ချဉ်းကပ်ရန်
မိန့်မှာတော်မူသည်အမှန်
ကျေးဇူးတော်ကြီးမြတ်လှ။
Verse 4
နှုတ်တော်စကား မွှေးကြိုင်လှ
ဤပုံဆောင်ချက်ဖြင့် ပြဖော်
ငြိမ်သက်ခြင်းစကား မိန့်မှာ
ကျေးဇူးတော်ကြီးမြတ်လှ။
Verse 5
နှုတ်တော်ဖော်ပြ ဝိညာဉ်တော်
အလိုတော်ကို သိစေမူ
" ကြွလာတိုင် ပြုရန် မိန့်မှာ "
ကျေးဇူးတော်ကြီးမြတ်လှ။
Verse 6
မုန့်သည် ကိုယ်တော်ကိုပုံဆောင်
ကြွလာသည့်တိုင် စားသုံးကြ
ကိုယ်တော်သက်ရှင်၊ သေခံခဲ့
ကျေးဇူးတော်ကြီးမြတ်လှ။
Verse 7
ခွက်သည် ကိုယ်တော်ကိုပုံဆောင်
စားပွဲတော်မှ သောက်သုံးကြ
စိတ်နှလုံး ထက်ရပ် ရှုမျှော်
ကျေးဇူးတော်ကြီးမြတ်လှ။
Verse 8
ကြွလာခြင်းကို ပြသရာ
လူတို့မသိ ထိုနေ့ရက်
ဘုန်းတော်နှင့် ပလ္လင်တော်တွက်
ကျေးဇူးတော်ကြီးမြတ်လှ။
Hymn details
စာသား: Horatius Bonar
သံစဉ်: Arthur Seymour Sullivan
Meter: 7.7.7.6.
Key: G Major
Time: 4/4
Audio