M120E228KC120MT120

ချိုမြိန်မေတ္တာတော်စားပွဲ

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

ချိုမြိန်မေတ္တာတော်စားပွဲ

ကျေးဇူးတော်လွတ်မြောက်စေ

မုန့်နှင့်ခွက် စားသောက်ဆက်ဆံကာ

သခင်ကိုအောက်မေ့ကြ။

Verse 2

ကိုယ်တော်ကို ကျွန်ုပ်တို့မျှော်

သခင်ထံမှသင်ယူ

အဖရင်ခွင်တော် လျို့ဝှက်ချက်

ကျေးဇူးတော်ဖြင့်သိရ။

Verse 3

ကြိုးစားရုန်းကန်ခြင်းမပြု

ယုံကြည်ခြင်း သက်သေပြ

အသက်မုန့်၏ ချိုမြိန်ခြင်းသည်

ကိုယ်တော်၏မေတ္တာတော်။

Verse 4

အပြစ်အတွက် သွေးတော်စီး

ပုံဆောင်ချက်ခုမြင်ရ

စရံပေးခြင်းအတွင်းခံစား

ကိုယ်တော်၏ မေတ္တာတော်။

Verse 5

ပြတော်မူသောမေတ္တာတော်

အလွန်ချိုမြိန်လှ၏

ထက်ရပ်မှကိုယ်တော်နှင့်တွေ့လျှင်

မည်မျှရွှင်လန်းဝမ်းမြောက်။

Verse 6

မျက်နှာတော်ကို ဖူးမြင်ရန်

ယနေ့ သဏ္ဌာန်တော်ဆောင်

ကိုယ်တော်ကျေးဇူးတော် အံ့ဖွယ်လမ်း

ထာဝရကြွေးကြော်မည်။

Hymn details

စာသား: Edward Denny

သံစဉ်: From Hymns of Worship and Remembrance

Meter: 6.6.8.6.

Key: F Major

Time: 4/4

Audio