M117E225KC117MT117

ဤနေရာ သခင်နှင့်မျက်နှာချင်းဆိုင်

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

ဤနေရာ သခင်နှင့်မျက်နှာချင်းဆိုင်

ယုံကြည်ခြင်းသည် အရူပရာထိတွေ့

ကျေးဇူးတော်ကို မြဲမြံကိုင်စွဲပါမည်

ပင်ပန်းမှုအားလုံး ကိုယ်တော်ပေါ်ထားရှိ။

Verse 2

ဤနေရာ ဘုရား၏မုန့်ကိုစားသုံး

ကောင်းကင်ဆိုင်ရာတော်ဝင်ခွက်ကိုသောက်သုံး

မြေကြီးဆိုင်ရာဝန်ထုပ်ကို ချထားပြီ

ပြစ်ခွင့်လွှတ်ခြင်းလန်းဆန်းမှု မြည်းစမ်းရ။

Verse 3

ကူညီမစသူ ကိုယ်တော်တစ်ပါးသာ

ကျွန်ုပ်မီခိုရာ ကိုယ်တော်တစ်ပါးသာ

ကျွန်ုပ်၏သခင်၊ ကျွန်ုပ်ဖို့လုံလောက်

ကျွန်ုပ်၏ခွန်အားသည် ကိုယ်တော်၌ရှိ။

Verse 4

ဤသည်မှာ ချီးမွမ်းခြင်းချိန်ခါဖြစ်ရာ

ဤသည်မှာ ကောင်းကင်ဆိုင်ရာစားပွဲဖြစ်

စားသောက်ပွဲ၌ ပါဝင်ဆက်ဆံခွင့်ရ

ဘုန်းထင်ရှားသော မိတ်သဟာယချိန်ခါ။

Verse 5

မကြာမီ ကျွန်ုပ်တို့ထမြောက်ကြမည်

အမှတ်လက္ခဏာစားသောက်ပွဲလွန်သွား

မုန့်နှင့်ခွက်ဖယ်ရှား၊ ကိုယ်တော်တစ်ပါးသာ

ကျွန်ုပ်တို့၏ဒိုင်းလွှားနှင့် နေမင်းဖြစ်။

Verse 6

စားသောက်ပွဲတစ်ခုပြီးတစ်ခုဖြတ်ကျော်

အထက်မှစားသောက်ပွဲသို့ ညွှန်ပြနေ

ကြီးမားဝမ်းမြောက်ခြင်းကို ချိုမြိန်မြည်းစမ်း

သိုးသူငယ်၏မင်္ဂလာဆောင်စားပွဲ။

Hymn details

စာသား: Horatius Bonar

သံစဉ်: James Langran

Meter: 10.10.10.10.

Key: F Major

Time: 4/4

Audio