ခွက်ကို ဝေမျှသောက်သုံးစဉ်
သခင်ဘုရားကိုချီးမွမ်းခြင်း -အောက်မေ့ခြင်း
Verse 1
ခွက်ကို ဝေမျှသောက်သုံးစဉ်
မချီးမွမ်းဘဲ မည်သို့နေ
ကျွန်ုပ်တို့တွက် သွေးတော်သွန်း
မည်သူတန်ဖိုးဖြတ်နိုင်နည်း
မည်မျှဖိုးထိုက်သွေးတော်ပေ
ပြဿနာလုံးစုံရှင်းပေး
သွေးတော်၏အကျိုးကျေးဇူး
စိုးရိမ်မှုလုံးစုံကွယ်ပျောက်။
Verse 2
ဤဖိုးထိုက်သောသွေးတော်ဖြင့်
ပဋိညာဉ်တရားသစ်ပြု
သာ၍ကောင်းသောပဋိညာဉ်
ခိုင်ခံ့တိုက်မြစ်ချပေးခဲ့
ဘုရားဖြင့် ရွေးနုတ်ခံရ
ရွှေငွေဖြင့် မဟုတ်ပါလေ
ဖိုးထိုက်လှသွေးတော်ဖြင့်လေ
မေတ္တာတော်အစဉ်ထင်ရှား။
Verse 3
အပြစ်များခွင့်လွှတ်ခံရ
သွန်းလောင်းသွေးတော်ဆေးကြောပေး
ဘုရားတောင်းဆိုဖြောင့်မတ်ခြင်း
လိုအပ်မှုလုံးစုံပြည့်စုံ
သွေးတော်တန်ခိုးဆေးကြောပေး
ကျွန်ုပ်အပြစ်များဖယ်ရှား
သြတ္တပ္ပစိတ်စင်ကြယ်ပေး
သက်ရှင်ဘုရားကို စေခံ။
Verse 4
ခွဲခြားပေးသောသွေးတော်ဖြင့်
ကျွန်ုပ်တို့သန်ရှင်းစင်ကြယ်
စောင့်ထိန်းပေးအသွေးတော်ဖြင့်
သန်ရှင်းခြင်းသည် သက်သေထူ။
အပြစ်ကြေအေးသွေးတော်ဖြင့်
ဖြောင့်မတ်ခြင်းခံရကြပြီ
ရွေးနုတ်ပေးသော သွေးတော်ဖြင့်
ဘုရားပြည့်ဝကျေနပ်ပြီ။
Verse 5
ကားတိုင်ပေါ်သွန်းသွေးတော်ဖြင့်
ဘုရားထံသင့်မြတ်ရပြီ
ကိုယ်တော်ထံ ဆက်သွယ်ရာလမ်း
ငြိမ်သက်ခြင်း၌ လျှောက်လှမ်းရ
သွေးတော်ကို ဆက်ဆံခြင်းဖြင့်
ထာဝရအသက်ကိုရ
သွေးတော်၌ အသက်ကိုရ
ဒေါသမှလွတ်မြောက်နားခို။
Verse 6
ကောင်းကင်၌ သွေးတော်ဖြန်းခြင်း
ကောင်းမြတ်ရာများကို ပြောဆို
သွေးတော်ကွယ်ကာတန်ခိုးအောက်
စာတန်အရာမှ စောင့်ထိန်း
အောင်မြင်ခြင်းသွေးတော်အားဖြင့်
ရန်သူကို ချေမှုန်းကြရာ
အပြစ်တင်စွပ်စွဲသူအား
ကျွန်ုပ်တို့အောင်နိုင်ရပြီ။
Verse 7
သွေးတော်ဖြင့် သန့်ရှင်းသူများ
မိတ်သဟာယဖွဲ့ရပြီ
သွေးတော်၏ဖုံးလွှမ်းခြင်းဖြင့်
လွတ်မြောက်ဝိညာဉ်အားနည်းကင်း
စကားဖြင့် ပြောဆိုမကုန်
ကိုယ်တော်၏ဖိုးထိုက်သွေးတော်
ကြွယ်ဝကောင်းမြတ်ခြင်းများကို
ထာဝရတိုင် ကြွေးကြော်မည်။
Hymn details
စာသား: Witness Lee
သံစဉ်: Herbert Howard Booth
Meter: 7.7.7.7.D.
Key: F Major
Time: 4/4
Audio