မေတ္တာတော်စားပွဲပေါ်တွင်
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
Verse 1
မေတ္တာတော်စားပွဲပေါ်တွင်
မုန့်နှင့်ခွက်ကို မြင်ရပြီ
ဤလက္ခဏာတော်ဆက်ဆံ
ကိုယ်တော်ဖြင့် ကြွယ်ဝမစ။
ဤခွက်တွက် လွန်ကျေးဇူးတင်
ကောင်းချီးခံမင်္ဂလာခွက်
ပြည့်ဝသောကယ်တင်ခြင်းခွက်
ကိုယ်တော်ပြုတော်မူသောခွက်။
Verse 2
ကျွန်ုပ်တို့တွက် သွေးတော်သွန်း
အပြစ်များခွင့်လွတ်ခံရ
ပဋိညာဉ်သစ်ပြုပေးခဲ့
ကောင်းချီးများကို ပေးခဲ့ပြီ။
ကိုယ်တော်သည် အမျက်ခွက်သောက်
ကျွန်ုပ်တို့တွက် သေခံခဲ့
မင်္ဂလာခွက်ကို ရွေးဝယ်
ကျွန်ုပ်တို့ကို ဝေစုပေး။
Verse 3
ဤဝေစု၌ ဘုရားရ
အာဒံဖြင့် ဆုံးရှုံးခဲ့လည်း
သွေးတော်သွန်းလောင်းခဲ့ခြင်းဖြင့်
လုံးစုံရှင် ဘုရားကိုရ။
ဤဝေစု၌ လုံးစုံရ
အသက်၊ ငြိမ်သက်၊ ရွေးနုတ်ခြင်း
ဘုရားအလိုကြံစည်တော်
ဤဝေစု၌ လုံခြုံရ။
Verse 4
ဤရာထာဝရဝေစု
ခွက်လျှံလျက်စီးဆင်းနေပြီ
ကောင်းကင်ရာမြည်းစမ်းဝမ်းမြောက်
ဘုရားစီမံရာခွက်တည်း။
မေတ္တာဖြင့် ဤခွက်သောက်သုံး
ကိုယ်တော်ကို အောက်မေ့လျက်နေ
ဝိညာဉ်၌ ကျွန်ုပ်ဆက်ဆံ
ကာရာနီကုန်းပြုအမှု။
Hymn details
စာသား: Witness Lee
သံစဉ်: Ira David Sankey
Meter: 7.7.7.7.D.
Key: F Major
Time: 6/4
Audio