M114E222KC114MT114

သခင်၊ မုန့်အတွက်ကျေးဇူးတင်

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

သခင်၊ မုန့်အတွက်ကျေးဇူးတင်

ဘုရား၏ လက္ခဏာ

ဘုရား၏ တုမဲ့အကြံစည်

နက်နဲရာများမြင်ရ။

Verse 2

ဤမုန့်ကိုယ်တော့်ခန္ဓာပုံဆောင်

ကျွန်ုပ်တို့တွက်ပေးခဲ့

ကိုယ်တော့်အသက်ကို မျှဝေရ

ကိုယ်တော်ကိုဆက်ဆံရ။

Verse 3

ကိုယ်တော့်ခန္ဓာ ချိုးဖဲ့ခြင်းခံ

သို့မှအသက်ပေးနိုင်

ကျွန်ုပ်တို့၌ အသက်ထည့်ပေး

ကိုယ့်တော့်ကြင်ဖော်ဖြစ်ရ။

Verse 4

ကိုယ်တော်၏ နက်နဲခန္ဓာတော်

ဤမုန့်ဖြင့် ပုံဆောင်နေ

သက်ရှင်ခန္ဓာဝင်ကျွန်ုပ်တို့

ကိုယ်တော်နှင့်သက်သေထူ။

Verse 5

များစွာသော မျိုးစေ့ ကျွန်ုပ်တို့

မုန့်တစ်လုံးတည်းဖြစ်ရ

ဤနည်း၌ ကိုယ်တော်ကို အောက်မေ့

ကိုယ်တော်ဖြင့်ကျွေးမွေးခံ။

Verse 6

မုန့်အားဖြင့် ပေါင်းစည်းခွင့်ရရှိ

ကိုယ်တော်ကို ကျေနပ်စေ

သန့်ရှင်းသူများ မိတ်သဟာယ

ကိုယ်တော်ကို သက်သေပြ။

Hymn details

စာသား: Witness Lee

သံစဉ်: From Little Flock Tune Book

Meter: 8.6.8.6.

Key: Bb Major

Time: 3/4

Audio