M113E221KC113MT113

သခင်၊ ပွဲတော်တွက် ကျေးဇူးတင်

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

သခင်၊ ပွဲတော်တွက် ကျေးဇူးတင်

မုန့်နှင့်အတူ စပျစ်ရည်

ဤစားပွဲ ကျွန်ုပ်တို့ဝမ်းမြောက်

မေတ္တာတော် စားသောက်ပွဲပင်

ပေးအပ်ခဲ့သော ကိုယ်တော့်ခန္ဓာ

အထိမ်းအမှတ် မုန့်မျှဝေ

သွန်းလောင်းတော်မူသော အသွေးတော်

စပျစ်ရည်ကို သောက်သုံးကြ။

chorus

သန့်ရှင်းသော စားပွဲတော်

မြင့်မြတ်သောလက္ခဏာ

ပုံပန်းသဏ္ဌာန်ပုံဆောင်ချက်၌

စစ်၍မကုန်နိုင်။

Verse 2

အသေခံ၍ရွေးနှုတ်ခြင်းဖြင့်

ကိုယ်တော်အသက်ဖြည့်သွင်းပေး

ကျွန်ုပ်တို့တွက် ကိုယ်တော်အပ်နှံ

ကိုယ်တော့်ကို မျှဝေရပြီ

မုန့်နှင့်ခွက်ကို စားသောက်ဆက်ဆံ

အသေခံခြင်းသက်သေပြ

ကိုယ်တော့်ကို စားသောက်ဆက်ဆံကာ

ကိုယ်တော့်ကိုချစ်၍ အောက်မေ့။

chorus

သန့်ရှင်းသော စားပွဲတော်

မြင့်မြတ်သောလက္ခဏာ

ပုံပန်းသဏ္ဌာန်ပုံဆောင်ချက်၌

စစ်၍မကုန်နိုင်။

Verse 3

ကိုယ်တော်၏နက်နဲ ခန္ဓာတော်

ဤမုန့်ဖြင့် ပုံဆောင်မူပြီ

ကိုယ်တော့်ခန္ဓာဝင်များ ပေါင်းစည်း

တစ်လုံးတစ်ဝ သက်သေထူ

သန့်ရှင်း မင်္ဂလာခွက်ဖလား

ကောင်းချီးခံ စပျစ်ရည်ခွက်

အသွေးတော်ကို စားသောက်ဆက်ဆံ

ယုံကြည်ခြင်းကို ပိုင်ဆိုင်သူ။

chorus

သန့်ရှင်းသော စားပွဲတော်

မြင့်မြတ်သောလက္ခဏာ

ပုံပန်းသဏ္ဌာန်ပုံဆောင်ချက်၌

စစ်၍မကုန်နိုင်။

Verse 4

ကိုယ်တော်သည် ထာဝရဝေစု

ချိုမြိန်ခြင်းကို ခုမြည်းစမ်း

နိုင်ငံတော်ကို ကျွန်ုပ်တို့မျှော်

ကိုယ်တော်၊လျင်မြန်ကြွမူပါ

ကိုယ်တော်ကြွလာ နိုင်ငံတော်မှာ

အောင်မြင်သော သန့်ရှင်းသူများ

ကိုယ်တော်နှင့် စားသောက်ပွဲသစ်လွင်

ချစ်ဖွယ်သတို့သမီးတည်း။

chorus

သန့်ရှင်းသော စားပွဲတော်

မြင့်မြတ်သောလက္ခဏာ

ပုံပန်းသဏ္ဌာန်ပုံဆောင်ချက်၌

စစ်၍မကုန်နိုင်။

Hymn details

စာသား: Witness Lee

သံစဉ်: Herbert Howard Booth

Meter: 8.7.8.7.D.

Key: Eb Major

Time: 4/4

Audio