သခင်၏စားပွဲကို ကြည့်သော်
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
Verse 1
သခင်၏စားပွဲကို ကြည့်သော်
အံ့ဘွယ်လက္ခဏာတော်
မုန့်တစ်လုံးနှင့်ခွက်တစ်ခွက်တည်
ဘုရားစီမံပြဖော်။
Verse 2
မုန့်သည် အသက်မုန့်ကို ပုံဆောင်
ကောင်းကင်ဆိုင်ရာအစာ
နက်နဲသေခံ၊ အသက်ဝေမျှ
ကိုယ်တော့်ကိုဆက်ဆံရ။
Verse 3
ခွက်သည် ကျွန်ုပ်တို့၏ ဝေစု
ယေရှု၏ အသွေးတော်
မင်္ဂလာခွက်ကို လက်ခံရ
ဘုရားကို ဆက်ဆံရ။
Verse 4
ဤမုန့်ကို ကျွန်ုပ်တို့မျှဝေ
အသက်မုန့်ကို စားသုံး
မေတ္တာ၌ ကိုယ်တော့်ကိုအောက်မေ့
ကိုယ်တော်နှင့်ဆက်ဆံရ။
Verse 5
ဤခွက်ကိုသောက်သုံးခြင်းအားဖြင့်
ကောင်းချီးများကို ဝမ်းမြောက်
ကိုယ်တော့်ကို ဝမ်းမြောက်စွာအောက်မေ့
အထက်သို့ချီဆောင်တိုင်။
Verse 6
ဤမုန့်နှင့်ခွက်စားသောက်ခြင်းဖြင့်
အသေခံခြင်းကို ပြ
ကျွန်ုပ်တို့၏အသက်ကိုယ်တော်
နေ့စဉ် ချင်းချင်းဝေမျှ။
Verse 7
ဘုန်းတော်ထွန်းတောက်ချိန်ကိုမျှော်လင့်
ပြည့်ဝစွာထင်ရှားချိန်
ကိုယ်တော်နှင့်အတူစားသောက်မည်
ကိုယ်တော့်ကို စဉ်ကိုးကွယ်။
Hymn details
စာသား: Witness Lee
သံစဉ်: Anon.
Meter: 8.6.8.6.
Key: Ab Major
Time: 3/4
Audio