သခင်ယေရှုခရစ်ကို အောက်မေ့ကြရာ
သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း
21
Verse 1
သခင်ယေရှုခရစ်ကို အောက်မေ့ကြရာ
စားပွဲပေါ်တွင် လက္ခဏာသက်သေမြင်
မုန့်၌ ကိုယ်တော်သန့်ရှင်းခန္ဓာပေါ်လွင်
ဖိုးထိုက်သွေးတော်သည် ခွက်၌ ဖော်ပြနေ။
Verse 2
ကျေးဇူတော်အတွက် ကိုယ်တော်ကိုလေးမြတ်
အစေခံနေရာကိုယ်တော်ယူဆောင်ရာ
ဘုန်းတော်မှ ရှက်ဖွယ်သစ်တိုင်ပေါ်ဆွဲခံ
လွန်စွာကြွယ်ဝရာမှ လွန်ဆင်းရဲခံ။
Verse 3
ဘုရား၏သိုးသူငယ်ကို ကောင်းချီးပေး
ကာရာနီကုန်းပေါ် ရှက်ဖွယ်ပြစ်ဆောင်ယူ
အသေခံခြင်းဖြင့် အပြစ်များဖယ်ရှား
အောင်နိုင်သောထမြောက်၊ ညမှနေ့သို့ပြောင်း။
Verse 4
ဘုရား၏လက်ယာဘက် ကိုယ်တော်စိုးစံ
ဘုန်းသရဖူဖြင့် လေးမြတ်အပ်နှင်းခံ
ကောင်းချီးခံရွေးနုတ်ရှင်၊ ကယ်တင်ရှင်သည်
ကာလအစဉ် ဘုန်းတန်ခိုးကြီးပါစေ။
Hymn details
စာသား: Alfred P. Gibbs
သံစဉ်: Edward John Hopkins
Meter: 10.10.10.10.
Key: G Major
Time: 4/4
Audio