ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်၊
ခမည်းတော်ကို ကိုးကွယ်ခြင်း- ဝိညာဉ်တော်
Verse 1
ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်၊
သန့်ရှင်းဆုံးဖြစ်တော်မူ
ကိုယ်တော့်ကို ဝိညာဉ်၌ ကိုးကွယ်၊
သမ္မာတရား၌ခေါ်။
Verse 2
ဝိညာဉ်ပါလျက် ဖန်ဆင်းထားပေး၊
ကိုယ်တော့်ကို ကိုးကွယ်မည်
ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်
ဝိညာဉ်၌ ပဲ့တင်ညံ။
Verse 3
သားတော်၌ ခမည်းတော်ကြွလာ
သားတော်သည် ဝိညာဉ်တော်
ကျွန်ုပ်တို့ဝိညာဉ်ထဲ ကိန်းဝပ်
အို၊ ကျေးဇူးတော်သက်သက်။
Verse 4
သားတော်သည် ထာဝရနှုတ်တော်
နှုတ်တော်သည် ဝိညာဉ်တော်
ဝိညာဉ်တော်သည် အသက်ဖြစ်လာ
ဝိညာဉ်ကို အသစ်ပြု။
Verse 5
ကျွန်ုပ်ဝိညာဉ်၌ ဝိညာဉ်တော်
တစ်လုံးတစ်ဝပေါင်းစည်း
ကျွန်ုပ်တို့ဘုရားသားဖြစ်ကြောင်း
ဝိညာဉ်တော် သက်သေပြု။
Verse 6
ဝိညာဉ်တော် ခပ်သိမ်းကို ဦးဆောင်
နောက်တော်သို့ လိုက်လျှောက်မည်
အသက်နှင့် ငြိမ်သက်ခြင်းရှိလာ
ဝိညာဉ်ရေးရာတိုးလာ။
Verse 7
ကိုယ်တော့်ကို ဝိညာဉ်၌ကိုးကွယ်
ဝိညာဉ်၌ ဦးတည်ပြု
ကျွန်ုပ်တို့ဝိညာဉ် လွတ်မြောက်ရ
ကိုယ်တော့်ပုံရိပ်ထင်ရှား။
Verse 8
အဖ ခမည်းတော်ကို ချီးမွမ်း
ကိုယ်တော်သည် ဝိညာဉ်တော်
သမ္မာတရားနှင့် ဝိညာဉ်၌
စစ်မှန်ဝတ်ပြုကိုးကွယ်။
Hymn details
စာသား: Witness Lee
သံစဉ်: Henry S. Cutler
Meter: 8.6.8.6.
Key: Ab Major
Time: 4/4
Audio