အို ၊ ထာဝရအဖဘုရား
ခမည်းတော်ကို ကိုးကွယ်ခြင်း - ထာဝရအရှင်
Verse 1
အို ၊ ထာဝရအဖဘုရား
ဖန်ဆင်းခြင်းမခံသောအရှင်
အို၊ ထာဝရအဖဘုရား
ရှေးခေတ်များမတိုင်မီရှိနှင့်။
Verse 2
ထာဝရမှ ဘုရားဖြစ်ရှင်
အချိန်နှင့်နယ်ပယ်ထက် သာလွန်
အစမရှိ၊ အဆုံးမရှိ
ထာဝရနှင့်ပြည့်ဝအရှင်။
Verse 3
ထာဝရ၏ မူလအရှင်
ကောင်းကင်များမတည်မီရှိနှင့်
ပထမတကာ ပထမ
အစဦးဆုံးထက် ရှေးကျဆုံး။
Verse 4
အသက်တော် ထာဝရတည်မြဲ
တစ်ခေတ်ပြီးတစ်ခေတ် အဆုံးမဲ့
တည်မြဲတကာထက် တည်မြဲဆုံး
အဆုံးစွန်ထက် သာလွန်အရှင်။
Verse 5
ကိုယ်တော်သည် ပထမ၊ အယ်လ်ဖာ
နောက်ဆုံး၊ သြမေဃလည်းဖြစ်ရှင်
အစမှအဆုံးဖြစ်တော်မူ
ကိုယ်တော်သည် ပြီးပြည့်စုံလင်ရှင်။
Verse 6
အဆုံးမရှိခြင်းတွက် ချီးမွမ်း
ကန့်သတ်မရှိခြင်းတွက် ချီးမွမ်း
ပြည့်ဝကျယ်ပြန့်ခြင်းတွက် ချီးမွမ်း
စုံလင်တော်မူခြင်းတွက် ချီးမွမ်း။
Hymn details
စာသား: Witness Lee
သံစဉ်: (1) Lowell Mason (2) Clement C. Scholefield
Meter: 8.8.8.8.
Key: G Major
Time: 3/4
Audio