M12E12KC12MT12

အဖဘုရား အသက်ရင်းမြစ်

ခမည်းတော်ကို ကိုးကွယ်ခြင်း - အသက်အရင်းအမြစ်

21

Verse 1

အဖဘုရား အသက်ရင်းမြစ်

ဘုရားသက် ကြွယ်ဝခြင်း

စီးဆင်းနေသော ရေကဲ့သို့ပင်

ထာဝရသက်စီးနေ။

Verse 2

သားတော်၌ မေတ္တာတော်စီးဆင်း

ကျွန်ုပ်တို့အဖို့ဖြစ်

ကျေးဇူးတော်ကြောင့် ဝိညာဉ်တော်သည်

ကျွန်ုပ်တို့ထဲ စီးဝင်။

Verse 3

ကျွန်ုပ်အပြစ်နှင့်မိုက်မဲနေ

ကိုယ်တော်နှင့်ဝေးကွာနေ

သားတော်၌ ကိုယ်တော်ရွေးနုတ်ပေး

ကျေးဇူးတော်အသက်ရ။

Verse 4

ကျွန်ုပ်တို့သည် ဝိညာဉ်တော်ကို

ဝမ်းနည်းအောင် လုပ်သော်လည်း

ကိုယ်တော်၏ဝိညာဉ်တော်ကြွလာ

အသက်တော်ရရှိစေ။

Verse 5

သားတော်၌ ဘုရားဝိညာဉ်တော်

ရှေးကာလပေါင်းစပ်ပြီ

ကိုယ်တော်၏ဘိသိက်ပေးခြင်းဖြင့်

မိတ်သဟာယများလာ။

Verse 6

ခမည်းတော်၏မေတ္တာတော်နှင့်

သားတော်၏ကျေးဇူးတော်

ဝိညာဉ်တော်၏ စီးဆင်းခြင်းကြောင့်

ဘုရားသက်ရရှိပြီ။

Verse 7

ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်

ကျွန်ုပ်တို့ကို စောင့်ရှောက်

ကိုယ်တော့်မေတ္တာကို သီချင်းဆို

ချီးမွမ်းပါမည်အစဉ်။

Hymn details

စာသား: Witness Lee

သံစဉ်: (1) C. Hutcheson (2) John B. Dykes

Meter: 8.6.8.6.

Key: D Major

Time: 3/4

Audio