M106E214KC106MT106

ကိုယ်တော်၏ကျေးဇူးစကားတော်

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

ကိုယ်တော်၏ကျေးဇူးစကားတော်

အနွံတာခံနှိမ့်ချ

သခင်၊ ဤသို့ကျွန်ုပ်ပြုမည်

ကိုယ်တော်ကို အောက်မေ့သည်။

Verse 2

ကျွန်ုပ်တွက် ခန္ဓာချိုးဖဲ့ခံ

ကျွန်ုပ်တွက် ကောင်းကင်မုန့်

သက်သေခံခွက်ကျွန်ုပ်ယူဆောင်

ကိုယ်တော်ကို အောက်မေ့သည်။

Verse 3

ဂေသရှေမန်ကို စဉ်မမေ့

ကိုယ်တော်သည် ဆန့်ကျင်ခံ

သွေးကဲ့သို့ချွေး ဝေဒနာခံ

ကိုယ်တော့်ကို စဉ်အောက်မေ့။

Verse 4

ကားတိုင်သို့ ကျွန်ုပ်မျှော်ကြည့်ရာ

ကာရာနီကုန်း- နားခို

အို ဘုရား၏သိုးသူငယ်ယဇ်

ကိုယ်တော်ကို အောက်မေ့သည်။

Verse 5

မေတ္တာတော်ကြောင့် နာကျင်ခံပြီ

ကိုယ်တော်ကို အောက်မေ့သည်

ထွက်သက်ဝင်သက်သွေးရှိသရွေ့

ကိုယ်တော်ကို အောက်မေ့သည်။

Verse 6

ကျွန်ုပ်၏နှုတ်သည် ဆွံ့အလာ

အသိ၊ မှတ်ဉာဏ်ကင်းကွာ

နိုင်ငံတော်နှင့်ကြွလာသောခါ

ကျွန်ုပ်ကို အောက်မေ့ပါ။

Hymn details

စာသား: James Montgomery

သံစဉ်: H. W. Greatorex' Collection

Meter: 8.6.8.6.

Key: F Major

Time: 3/4

Audio