M107E215KC107MT107

သခင်ယေရှု၏မျက်မှောက်တော်

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

သခင်ယေရှု၏မျက်မှောက်တော်

လန်းဆန်းစားပွဲတော်မြင်ရ

ဖိုးထိုက်စားပွဲတော်ရှေ့ထိုင်ကာ

အောင်လံသရဖူကိုဆောင်း

စားပွဲတော်ရှေ့ ဖိုးထိုက်ချိန်ခါ

စိုးရိမ်၊ သံသယကင်းရှင်း

ဤနေရာချိုမြိန်နားခိုရ

ကိုယ်တော်နှင့်သာပြည့်ဝရ။

Verse 2

ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းကြ

ဝိညာဉ်တော်ဖြင့် ဦးဆောင်ခံ

သွန်းလောင်းတော်မူသောအသွေးတော်

ကိုယ်တော်တိုင်ကို အောက်မေ့ကြ

သစ်တိုင်ပေါ် ခန္ဓာချိုးဖဲ့ခံ

သွေးတော်သွန်းလောင်းခဲ့မူပြီ

ဤလက္ခဏာကို ယူဆောင်ကာ

ကိုယ်တော့်ကို အောက်မေ့ကြရာ။

Verse 3

3 မည်မျှဝမ်းမြောက်၊ ကိုယ်တော်ကိုမြင်

ရွေးချယ်သောဤလက္ခဏာ

ကောင်းချီးမင်္ဂလာမုန့်နှင့်ခွက်

မုန့်ခွန်အား၊ ခွက်ရွှင်လန်းစေ

စုပေါင်းစည်းဝေးခြင်း၊ ကြည့်မူပါ

ထမြောက်ဦးခေါင်းတော်၌တည်

ထို့ကြောင့် ကောင်းချီးခံခွက်ယူဆောင်

ချိုးဖဲ့မုန့်ကိုလည်းယူဆောင်။

Verse 4

ကတိတော်သည် မည်မျှစစ်မှန်

စည်းဝေးခြင်း၌ အတူရှိ

ချစ်ဖွယ်နာမတော်၌ စည်းဝေး

ချိုမြိန်ပွဲတော်ဝမ်းမြောက်ရ

ကတိတော်ကို ကြည့်မျှော်နေဆဲ

စိတ်နှလုံးစောင့်လျက်တောင့်တ

မကြာမီ ကိုယ်တော်နှင့်အတူ

" ကာလစဉ်ဆက် "ရှိမည်မှန်။

Hymn details

စာသား: Mrs. Thompson

သံစဉ်: John Wyeth

Meter: 8.7.8.7.D.

Key: D Major

Time: 3/4

Audio