M105E213KC105MT105

သခင်ယေရှု ထိုညမှာ

သခင်ဘုရားကိုချီးမွမ်းခြင်း - အောက်မေ့ခြင်း

21

Verse 1

သခင်ယေရှု ထိုညမှာ

ထံတော်မှာ စုဝေးကြ

မှောင်မိုက်အရိပ်ကို နှင်ထုတ်

ကိုယ်တော်သန့်ရှင်းစိတ်တော်

ကောင်းချီးပေးသောသံတော်ကြား

" ဤသို့ပြု၊ အောက်မေ့ကြ "

ရွှင်လန်းသောစိတ်နှလုံးဖြင့်

ကိုယ်တော်ကို အောက်မေ့ကြ။

Verse 2

ဆင်းရဲဒုက္ခခံနက်နဲ

မည်သူခံစားနိုင်နည်း

အမျက်ဒေါသဖလားခွက်

ကိုယ်စားသောက်သုံးခဲ့ပြီ

ကျိန်ခြင်းခံကားတိုင်ထက်ဝယ်

ဘုရား၏စွန့်ပစ်ခံ

ရွှင်လန်းသောစိတ်နှလုံးဖြင့်

ကိုယ်တော်ကို အောက်မေ့ကြ။

Verse 3

မြေကြီးတစ်ပြင်လုံးမှောင်မိုက်

ဝိညာဉ်ဖိစီးခံရ

လှိုင်းတံပိုးလေပြင်းထန်လာ

ကိုယ်တော်ပေါ်တိုက်ခတ်လည်း

ကျေးဇူးတော်သည် ကန့်သတ်မဲ့

စုံလင်မေတ္တာတော်မြင်

ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းဖြင့်

ကိုယ်တော်ကို အောက်မေ့ကြ။

Verse 4

ကိုယ်တော်ထမြောက်တော်မူပြီ

သေသောသူမှ သားဦး

ကိုယ်တော်တက်ကြွတော်မူပြီ

သင်းတော်၏ဦးခေါင်းတော်

ကျေးဇူးတော်ဖြင့် လက်ခံမူ

စိတ်နှလုံးလွတ်မြောက်စေ

ပြုတော်မူရာအမှုတွက်

ကိုယ်တော်ကို အောက်မေ့ကြ။

Verse 5

ဘုန်းတော်ဖြင့် ကြွဆင်းလာပါ

ချီဆောင်တော်မူပါလေ

မိုးသားကင်းစင်ရာနေ့ရက်

ဘုန်းတော်၌ နားခိုမည်

အသေခံခြင်းကိုပြကာ

ကိုယ်တော်ကို ရှာဖွေရာ

သေခံခြင်းသို့ပြောင်းလဲလာ

ကိုယ်တော်ကို အောက်မေ့ကြ။

Hymn details

စာသား: George W. Fraser

သံစဉ်: Reginald Heber

Meter: 7.6.7.6.D.

Key: Eb Major

Time: 4/4

Audio