ကယ်တင်ရှင်ယေရှု ကျွန်ုပ်ဖို့
သခင်ဘုရားကိုချီးမွမ်းခြင်း - ကိုယ်တော်နှင့်ကျေနပ်နှစ်သိမ့်ခြင်း
21
Verse 1
ကယ်တင်ရှင်ယေရှု ကျွန်ုပ်ဖို့
ခမည်းတော်ဘုရားမေတ္တာဆု
ကိုယ်တော်ပြုသမျှ၊ ရှိသမျှ
ယခုကျွန်ုပ်ဝေစုဖြစ်ရ။
Verse 2
ဆင်းရဲ၊ အားနည်း၊ ယုတ်ညံ့သော်လည်း
ယခုနာမတော်၌ ဘုန်းမြဲ
ဖိုးထိုက်သွေးတော်ဖြင့် ဆေးကြောခံ
ဘုရား၏ဖြောင့်မတ်ခြင်းခံရ။
Verse 3
ကိုယ်တော်ဖြစ်အင် ကျွန်ုပ်ဖို့ပင်
ကိုယ်တော်၌ ကျွန်ုပ်လန်းဆန်းမြင်
ဝန်ချကာ ကိုယ်တော်၌ သက်ရှင်
ရာခပ်သိမ်းကို ပိုင်ဆိုင်ခြင်းဝင်။
Verse 4
ကိုယ်တော်၌တည်ရန် သွန်သင်ပါ
နံဘေးတော်၌ စဉ်ခိုလှုံကာ
ကျေးဇူးတော်ပေါ် ကျေးဇူးခံရာ
မျက်နှာတော်မြင်ရသည့်တိုင်ရှာ။
Hymn details
စာသား: James George Deck
သံစဉ်: John L. Hatton
Meter: 8.8.8.8.
Key: D Major
Time: 4/4
Audio