M103E209KC103MT103

ယေရှုအကြောင်း အောက်မေ့သောခါ

သခင်ဘုရားကိုချီးမွမ်းခြင်း - ကိုယ်တော်နှင့်ကျေနပ်နှစ်သိမ့်ခြင်း

21

Verse 1

ယေရှုအကြောင်း အောက်မေ့သောခါ

ရွှင်လန်းခြင်းရှိပါ၏

သို့သော် ကိုယ်တော်ရှေ့ဝင်ပြီးမှ

သာ၍ ရွှင်လန်းလိမ့်မည်။

Verse 2

ယေရှုဟူသော နာမတော်ထက်

သာ၍မြတ်သောအမည်

မြေကြီးပေါ်မှာ ကောင်းကင်ဘဝဂ်

ရှာ၍ မတွေ့နိုင်သည်။

Verse 3

ကြေမွသူ၏ မျှော်လင့်စရာ

ငြိမ်းသူ၏ဝမ်းမြောက်ခြင်း

ရှာ၍ တောင်းပန်သောသူတို့အား

ဘယ်လောက်မေတ္တာချစ်ခြင်း။

Verse 4

သို့သော် တွေ့မြင်သောသူတို့အား

သွန်းလောင်းသော ကျေးဇူးတော်

မရေမတွက် မတိုင်းနိုင်ပါ

အို အမြတ်ဆုံးယေရှု။

Verse 5

ရှင်ယေရှု ကိုယ်တော်မှတစ်ပါး

ဝမ်းသာစရာမရှိ

ယခုဘဝ၊ နောင်ကပ်ကာလ

ချီးမွမ်းရှိစေသတည်း။

Hymn details

စာသား: Bernard of Clairvaux, Translated by Edward Caswall

သံစဉ်: John Bacchus Dykes

Meter: 8.6.8.6.

Key: G Major

Time: 3/4

Audio