အို ယေရှုရှင် ကိုယ်တော်မြတ်သည်
သခင်ဘုရားကိုချီးမွမ်းခြင်း - ကိုယ်တော်နှင့်ကျေနပ်နှစ်သိမ့်ခြင်း
21
Verse 1
အို ယေရှုရှင် ကိုယ်တော်မြတ်သည်
အသက်သခင် အလင်းဖြစ်၏
ပေးတော်မူသော ဆုမင်္ဂလာ
ကိုယ်တော်ရှင်အား ပြန်ဆက်လိုပါ။
Verse 2
သစ္စာတော်သည် အမြဲတည်၏
ဆုတောင်းသူကို ကယ်တော်မူသည်
ကိုယ်တော်ကို ရှာသူတို့သည်လည်း
ကိုယ်တော်ရှင်ကို တွေ့ရကြ၏။
Verse 3
အသက်ရှင်သောမုန့် မြည်းစမ်းပြီ
ထိုမုန့်ကိုပင် စားလိုပါ၏
အသက်ရေကိုလည်း သောက်ရပြီ
ထိုရေကိုပင် သောက်လိုပါသည်။
Verse 4
မမြဲဘဝမှာနေစဉ်တွင်
ကိုယ်တော်ရှင်ကို တောင့်တမျှော်လင့်
ပြုံးရွှင်မျက်နှာ ဖူးရဝမ်းသာ
ယုံကြည်မြဲက ကောင်းချီးမှန်ရ။
Verse 5
အို ယေရှုရှင် အစဉ်နေပါ
သက်တာငြိမ်သက် ထွန်းလင်းစေပါ
အပြစ်ကို ပယ်ရှင်းပြီးသောခါ
ရောင်ခြည်တော်ဖြင့် ထွန်းလင်းစေပါ။
Hymn details
စာသား: James George Deck
သံစဉ်: Moore's Psalm-Singer's Pocket Companion
Meter: 8.6.8.6.
Key: F Major
Time: 3/4
Audio