M101E204KC101MT101

ယေရှုနာမ၌ စုဝေးကာ

သခင်ဘုရားကို ချီးမွမ်းခြင်း - အဖ၏နှစ်သက်တော်မူရာ

21

Verse 1

ယေရှုနာမ၌ စုဝေးကာ

ကိုယ်တော့်ကိုသာမြင်ကြရာ

မည်မျှဝမ်းမြောက်ရာမျက်မှောက်တော်

ကျွန်ုပ်စိတ်နှလုံး၊ ကိုယ်တော်။

Verse 2

တိုင်းတာမဲ့မေတ္တာဖြင့်ချစ်ကာ

အဖမေတ္တာဖြင့် ကယ်တင်

သားတော်ပေါ်ရှိ အဖစိတ်တော်

ကျွန်ုပ်တို့လွန်စွာ လေးမြတ်။

Verse 3

ကိုယ်တော်ဝမ်းမြောက်၊ နားခို၊ ကျေနပ်

သားတော်၌ နက်နဲနှစ်သက်

သားတော်၏စိတ်နှလုံးတော်သာ

အဖကို ကျေနပ်စေရာ။

Verse 4

သားတော်ပေါ်ရှိ အဖမေတ္တာ

ငါ၏ချစ်သားဟုခေါ်ရာ

ကျွန်ုပ်တို့အတွက် သားတော်စွန့်

သေခံကာ ကယ်တင်ပေးပြီ။

Verse 5

အိုဝမ်းမြောက်သီချင်းချီးမွမ်းမည်

ကိုယ်တော်ကို ဖူးမြင်ရချိန်

သခင်ယေရှု ကောင်းချီးနာမ

ဘုရား၏ချိုမြိန်ဆုံးတေး။

Verse 6

ဝမ်းမြောက်သီချင်းများပြတ်မစဲ

ထာဝရချီးမွမ်းသီဆို

ဆာလံသီချင်းများဝမ်းမြောက်ကြ

အဆုံးမဲ့ ထာဝရတိုင်။

Hymn details

စာသား: C. A. W.

သံစဉ်: George Coles Stebbins

Meter: 8.7.8.7.

Key: Bb Major

Time: 2/4

Audio