ခမည်းတော်၏ရင်ခွင်တော်၌
သခင်ဘုရားကို ချီးမွမ်းခြင်း - တိုးပွားခြင်း
Verse 1
ခမည်းတော်၏ရင်ခွင်တော်၌
ရှေးခေတ်များ မတိုင်မီရှိ
ကိုယ်တော်သည် ခမည်းတော်ဘုန်းတော်
ဘုရား၏တုမဲ့သားတော်
ခမည်းတော်ပေးအပ်တော်မူခဲ့
ပုဂ္ဂိုလ်၌တစ်လုံးတစ်ဝ
ခမည်းတော်၏ပြည့်ဝခြင်းများ
ဝိညာဉ်တော်၌ ကြွေးကြော်ရန်။
Verse 2
ကိုယ်တော်သေခံ၊ ရှင်ပြန်ထမြောက်
ဘုရား၏သားဦးဖြစ်လာ
ကျွန်ုပ်တို့၌ အသက်ဖြည့်ပေး
ကိုယ်တော်၏ပုံတူဖြစ်စေ
ကျွန်ုပ်တို့အသစ်မွေးဖွားခံ
ဘုရားသားများစွာဖြစ်လာ
ကိုယ်တော်၏ညီကိုများစစ်မှန်
ကိုယ်တော်နှင့်တူညီသဏ္ဌာန်။
Verse 3
ယခင်က မျိုးစေ့တစ်ခုတည်း
မြေကြီးသို့ကျ၍ပျက်ခဲ့
အသေခံ၍ ရှင်ပြန်ထမြောက်
အသက်၌တိုးပွားများပြား
အသက်နှင့်သဘောသဘာဝ
များစွာသောမျိုးစေ့ဖြစ်လာ
မုန့်တစ်လုံးတည်းရောနှောပေါင်းစည်း
ကိုယ်တော့်ပြည့်ဝခြင်းကြွေးကြော်။
Verse 4
ကျွန်ုပ်တို့ကို ကိုယ်တော်ထုတ်လုပ်
ခန္ဓာတော်၊ သတို့သမီး
ကိုယ်တော့်ထင်ရှားခြင်း၊ ပြည့်ဝခြင်း
ကိုယ်တော်အတွက်ထာဝရ
ကျွန်ုပ်တို့သည် စဉ်ဆက်တည်မြဲ
ကိုယ်တော့်သက် တိုးပွား၊ ပျံ့နှံ့
ကြွယ်ဝမစ၊ ပြည့်ဝကြီးရင့်
ကိုယ်တော်နှင့်တစ်လုံးတစ်ဝ။
Verse 5
သခင်၏လူသားချိုးဖဲ့ခံ
အသက်နှင့် ဘုန်းတော်လွတ်မြောက်
ကိုယ်တော်နှင့် ရွေးချယ်ခံသူများ
ရောနှောပေါင်းစည်းခြင်းတိုးပွား
ကိုယ်တော်နှင့် ကျွန်ုပ်တို့အတူ
အပြန်အလှန်တည်နေကုန်
ဝှက်ထားမန္နမုန့်ကို စားသောက်
ယေရုရှလင်မြို့သစ်တည်။
Hymn details
စာသား: Witness Lee
သံစဉ်: J. B. O. Clemm
Meter: 8.7.8.7.D.
Key: F Major
Time: 3/4
Audio